စန္ဒီမြင့်လွင်ဟာ သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘ၀လေးကိုတည်ထောင်ထားတဲ့အပြင် သီချင်းအသစ်များကိုလည်း ဆက်တိုက်သီဆိုနေသူတစ်ယောက်ဖြစ်ပါတယ်။ သူမဟာ အမိုက်စားသီချင်းစာသားလေးများကိုသီဆိုတတ်တဲ့ rapperမလေးတစ်ဦးဖြစ်တဲ့အပြင် သရုပ်ဆောင်ဘက်မှာလည်း ထူးချွန်သူတစ်ယောက်ပါနော်။ အမြဲခပ်မိုက်မိုက်ပုံစံတွေနဲ့ ပရိတ်သတ်တွေကို အကောင်းဆုံးဖျော်ဖြေလေ့ရှိတဲ့စန္ဒီမြင့်လွင်ဟာ ဒိတ်ဒိတ်ကြဲအမျိုးသမီးrapperတစ်ဦးဆိုလည်း မှားမယ်မထင်ပါဘူးနော်။


Photo Credit-Sandy Myint Lwin's Facebook page
Photo Credit-Aung Kyaw Tun - Visual Design

မကြာသေးမီက စန္ဒီမြင့်လွင်ဟာ သူမရဲ့facebookစာမျက်နှာတွင် "ချစ်တဲ့သူတွေကလဲချစ်မှာပဲမုန်းတဲ့သူကလဲမုန်းမှာပဲကိုယ်ကလဲကိုယိ့ပုံစံနဲ့ကိုယ်ပဲ သူများပုံစံတော့မခိုးဘူးငယ်ငယ်ထဲကခုထိဒီပုံစံဒီစတိုင်လ်နဲ့နေရတာပျော်တယ်သေတဲ့အထိလဲဒီတိုင်းပဲ"ဆိုကာ ရေးသားထားပြီး ခပ်မိုက်မိုက်ပုံလေးတွေတင်ပေးလာပါတယ်။ စန္ဒီမြင့်လွင်ဟာ အဝါရောင်ဂျက်ကတ်အင်္ကျီကို၀တ်ဆင်ထားပြီး ဆံပင်အတိုလေးနဲ့အရမ်းကိုမိုက်နေတာပါနော်။


Photo Credit-Aung Kyaw Tun - Visual Design
Photo Credit-Aung Kyaw Tun - Visual Design

စန္ဒီမြင့်လွင်ရဲ့ အသည်းနာသီချင်းမှာလည်း ပရိတ်သတ်တွေကြားထဲမှာ ရေပန်းစားအကြိုက်တွေ့နေကြတာပဲဖြစ်ပါတယ်။ ပရိတ်သတ်ကြီးလည်း ဒီသီချင်းလေးကိုနားဆင်ခံစားကြည့်ကြမယ်မလား။ စန္ဒီမြင့်လွင်ရဲ့ အလန်းစားပုံရိပ်တွေကိုပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Aung Kyaw Tun - Visual Design
Photo Credit-Aung Kyaw Tun - Visual Design

Source-Sandy Myint Lwin's Facebook page

Photo Credit-Aung Kyaw Tun - Visual Design

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။