သူဟာ သူ့မိခင်ဖုန်းနဲ့ ပြတင်းပေါက်ကိုဓာတ်ပုံရိုက်ကူးရာကနေ ဒီပုံထွက်လာတာလို့ဆိုပါတယ်။ အသက်ခုနစ်နှစ်အရွယ်ရှိ Aasher Lilesအမည်ရ Down Sydrome ရောဂါဝေဒနာခံစားနေရသူကလေးငယ်ဟာ လေယာဉ်ပေါ်မှာ သူ့မိခင်ရဲ့ဖုန်းကင်မရာနဲ့ဓာတ်ပုံလျှောက်ရိုက်တဲ့အခါမှာ ဒီပုံထွက်လာတာဖြစ်တယ်လို့ဆိုပါတယ်။

Aasherဟာ ပုံတော်တော်များများကိုရိုက်ကူးပြီး သူ့ရဲ့မိခင်ကနေဖုန်းကိုပြန်ယူခဲ့ပြီး ပုံတွေဖျက်ဖို့ကြည့်တဲ့အခါမှာတော့ ဒီဓာတ်ပုံကိုတွေ့ရတာပါ။ ဘာမှမရှိတဲ့ လေယာဉ်ပြတင်းပေါက်မှန်မှာတော့ သူ့မိခင်အပြောအရ Aasherလေးရဲ့ Guardian Angel ခေါ် ကိုယ်စောင့်နတ်ပုံပေါ်နေတာဖြစ်တယ်လို့သိရပါတယ်။

ဒီအဖြစ်အပျက်ကြောင့် Aasherနဲ့ သူ့ရဲ့မိခင်ကို ကိုပ်သံအစီအစဉ်တွေကနေ အင်တာဗျူးခဲ့ပြီး Aasherရဲ့မိခင်ဖြစ်သူကတော့ Aasherဟာ အရင်တည်းက ဆဌမအာရုံရနေတတ်သူဖြစ်ပြီး သူမြင်ရတဲ့အရာတွေကို မကြာခဏပြောကြားခဲ့ပေမယ့် သူ့ကိုမယုံမကြည်တောင်ဖြစ်ခဲ့မိတယ်လို့ ပြောကြားခဲ့ပါတယ်။

Source : dailymail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။