သဘာ၀ကျကျသရုပ်ဆောင်ချက်တွေနဲ့ပရိတ်သတ်တွေအားပေးမှုအပြည့်အ၀ရရှိထားတဲ့သူလေးကတော့ အကယ်ဒမီမင်းသားချောမြင့်မြတ်ပါ။ သူဟာဗီဒီယိုဇာတ်ကားများ ရုပ်ရှင်ကားများနဲ့အနုပညာလောကထဲစတင်၀င်ရောက်လာခဲ့ပြီး ယခုဆိုရင်ဒိတ်ဒိတ်ကြဲမင်းသားတစ်ယောက်ဖြစ်နေပြီဖြစ်ပါတယ်။ ဒါ့ပြင် မြင့်မြတ်ဟာပျော်ရွှင်စရာကောင်းတဲ့မိသားစုဘ၀လေးကိုတည်ထောင်ထားတာဖြစ်ပြီး ချစ်စရာသားငယ်လေးကိုလည်းပိုင်ဆိုင်ထားတာဖြစ်ပါတယ်။


Photo Credit-Myat Wai Tun's Facebook acc
Photo Credit-Myat Wai Tun's Facebook acc

မကြာသေးမီက မြင့်မြတ်ဟာသူ့ရဲ့facebookစာမျက်နှာတွင် "Now thar thar yar yar pall"ဆိုတဲ့captionလေးနဲ့ ပုံလေးတွေတင်ပေးလာပါတယ်။ သူဟာ ချစ်ရတဲ့ဇနီးချောလေးနဲ့အတူ ရေကူးရင်းပျော်ရွှင်နေတာဖြစ်ပါတယ်။ မြင့်မြတ်ဟာ ရုပ်ရှင်ဇာတ်ကားတစ်ခုရိုက်ကူးရန်အတွက် ချောင်းသာကိုရောက်ရှိနေတာဖြစ်ပြီး ဇနီးချောလေးနဲ့သားငယ်လေးပါ လိုက်ပါလာတာဖြစ်ပါတယ်။


Photo Credit-Myat Wai Tun's Facebook acc
Photo Credit-Myat Wai Tun's Facebook acc

မြင့်မြတ်ဟာ လတ်တလောတွင်အပိုင်စားကြမယ်ဆိုတဲ့ရုပ်ရှင်ကားကြီးကို ထိုင်းမင်းသမီးလေးနဲ့တွဲဖက်ရိုက်ကူးနေတာဖြစ်ပါတယ်။ ပရိတ်သတ်ကြီးရော ဒီဇာတ်ကားကြီးထွက်လာရင်အားပေးကြမယ်မလား။ ချစ်ဇနီးလေးနဲ့ ရေကူးနေတဲ့မြင့်မြတ်ရဲ့ပုံရိပ်တွေကိုပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Myat Wai Tun's Facebook acc
Photo Credit-Myat Wai Tun's Facebook acc

Source-Myat Wai Tun's Facebook acc

Photo Credit-Myat Wai Tun's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။