တင်းရင်းလှပတဲ့ခန္ဓာကိုယ်အချိုးအစားနဲ့ ‌ပြေပြစ်လှပတဲ့မျက်နှာလေးကို ပိုင်ဆိုင်ထားသူလေးကတော့ ပရိတ်သတ်အချစ်တော်မင်းသမီးချော‌လေးဘေဘီမောင်ပါ။ သူမဟာ ဗီဒီရိုဇာတ်ကားများ ရုပ်ရှင်ကားများနဲ့အနုပညာလောကထဲ၀င်ရောက်လာပြီး ပရိတ်သတ်အားပေးမှု အပြည့်အ၀ရရှိထားတာပဲဖြစ်ပါတယ်။ သူမရဲ့ပီပြင်လှတဲ့ သရုပ်ဆောင်ချက်တွေကြောင့် အနုပညာလောကမှာနေရာတစ်နေရာရရှိထားတဲ့ မင်းသမီးချောလေးတစ်ယောက်ဆိုလည်းမမှားပါဘူးနော်။


Photo Credit-Baby Maung's Facebook page
Photo Credit-Baby Maung's Facebook page

မကြာသေးမီက ဘေဘီမောင်ဟာသူမရဲ့facebookစာမျက်နှာတွင် "ရင်တွင်းဒဏ်ရာရူတင်ကျော်ရဲအောင် ခိုင်မြဲ မင်းသူ ရဲမွန် ဘေဘီမောင် လူကြမ်းများစွာ ဘေဘီကတော့ဒီနေ့ဝင်ပေါ့မနက်ဖြန်ရွှေတိဂုံဘုရားမှာကန်တော့ပွဲပေးမှာတွေ့ရင်ခေါ်နော်"ဆိုတဲ့ captionလေးနဲ့ပုံလေးတွေတင်ပေးလာပါတယ်။ သူမဟာ အနုပညာလုပ်ငန်းများကို တောက်လျှောက်မနားမနေ ကြိုးစားလုပ်ကိုင်နေသူတစ်ယောက်လည်းဖြစ်ပါတယ်။


Photo Credit-Baby Maung's Facebook page
Photo Credit-Baby Maung's Facebook page

ဘေဘီမောင်ဟာ ညီမလေးသံစဉ်မောင်ရဲ့ကိစ္စနဲ့စိတ်ပင်ပန်းနေရသော်လည်း စိတ်ဓာတ်ခိုင်မာပြီး အလုပ်ကိစ္စတွေကို အဆက်မပြတ်လုပ်ကိုင်နေသူလည်းဖြစ်ပါတယ်။ ပရိတ်သတ်ကြီးရော ဘေဘီမောင်ကိုအားပေးကြမယ်မလား။ ရိုက်ကွင်းပေါ်မှာ ကျက်သရေရှိစွာနဲ့လှနေတဲ့ ဘေဘီမောင်ရဲ့ပုံရိပ်တွေကို ပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Baby Maung's Facebook page
Photo Credit-Baby Maung's Facebook page

Source-Baby Maung's Facebook page

Photo Credit-Baby Maung's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။