ပရိတ်သတ်တွေအတွက်ကတော့ တကယ့်ကို Shock ပါပဲ ။ Uncontrollably fond ဇာတ်ကားထဲကမင်းသား ကင်ဝူဘင်ဟာ ဇာတ်ကားထဲကလိုပဲ

အပြင်မှာတကယ် ကင်ဆာရောဂါခံစားနေရလို့ပဲဖြစ်ပါတယ် ။ သူ့ကင်ဆာကတော့လည်ချောင်းကင်ဆာပါ ။ ပရိတ်သတ်တွေကတော့ ရုပ်ရှင်ထဲကလို

မဖြစ်ပါစေနဲ့ လို့ ဝိုင်းဝန်းဆုတောင်းပေးနေကြပါတယ် ။ နေထိုင်မကောင်းဖြစ်နေချိန်မှာ အလိုအပ်ဆုံးကတော့ အားပေးနှစ်သိမ့်မှုပါပဲ ။

သူ့ချစ်သူ ရှင်မင်အာက လဲချစ်သူအနားမှာ အားပေးမယ်လို့ ဆိုလိုက်ပါတယ် ။ 

စစချင်းသိလိုက်ရချိန်မှာအရမ်းကိုထိတ်လန့်သွားခဲ့ပေမယ့် အရာရာအကောင်းမြင်ပြီး ချစ်သူနားမှာ အားပေးကူညီမှာပါတဲ့ ။

"အခု လူတိုင်းက ကင်ဝူဘင်ရဲ့အခြေအနနေဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်း ပြောကြတယ်။ စိုးရိမ်သူတွေအတွက် ဒီကြေညာချက်ကို ထုတ်ပြန်ရတာပါ။ အခုချိန်အတွင်းမှာ ကင်ဝူဘင်ဟာ သူ့ရဲ့အလုပ်တွေနဲ့ အရမ်းအရမ်း အလုပ်များနေတာပါ။ သူ့ခန္ဓာကိုယ်က နေလို့မကောင်းဘူးလို့ ခံစားရလို့ သူဆေးရုံကိုသွားခဲ့တယ်။ ဆေးရုံရောက်တော့ သူ့မှာ လည်ချောင်း (Nasopharynx) ကင်ဆာ ဖြစ်တယ်လို့ သိလိုက်ရပါတယ်။ ကံကောင်းစွာပဲ ကုသဖို့ သိပ်နောက်မကျသေးတဲ့အတွက် အခု ကုသမှုခံယူနေတယ်ဆိုတာကို ပရိသတ်ကို သိစေချင်တာပါ။ သူ လုံးဝကျန်းမာလာချိန်မှာ ပြန်လာမှာပါ။ ဒီအချိန်မှာ အားလုံးက သူ့အတွက် ဆုတောင်းပေးကြစေချင်ပါတယ်" လို့ ကင်ဝူဘင်ရဲ့ အေဂျင်စီ SidusHQ က ပြောခဲ့ပါတယ်။

Nasopharynx လို့ ခေါ်တဲ့ ကင်ဆာအမျိုးအစားဟာ ရှားပါးကင်ဆာတစ်မျိုးဖြစ်ပါတယ်။ ဒီရောဂါဟာ လည်ချောင်းရဲ့အပေါ်ပိုင်းကနေ စတင်ဖြစ်ပေါ်တယ်လို့လည်း သိရပါတယ်။

အသက် ၂၇ နှစ်အရွယ် ကင်ဝူဘင် (Kim Woo Bin) နဲ့ အသက် ၃၃ နှစ်အရွယ် ရှင်မင်အာတို့ဟာ Giordano ကြော်ကြငာ ရို်က်ကူးရင်း စတွေ့ခဲ့ကြတာဖြစ်ပြီး သူတို့နှစ်ယောက် ချစ်သူဖြစ်ကြောင်းကိုတော့ ၂၀၁၅ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့မှာ ကြော်ငြာခဲ့တာဖြစ်ပါတယ်။

Source : Duwun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။