ပရိသတ်ကြီးရေ.. သရုပ်ဆောင်အကယ်ဒမီလူမင်းရဲ့ ယောက္ခမဖြစ်သူ ခင်စံပယ်ဦးရဲ့ ဖခင် ဦးတင်စိုးကွယ်လွန်သွားပြီဖြစ်တဲ့အတွက် ပရိသတ်တွေကလည်း စိတ်မကောင်းဖြစ်နေကြပါတယ်နော်..။

ဦးတင်စိုး(စပယ်ဦးစာပေ)ဟာ ဒီကနေ့ ဖေဖော်ဝါရီ(၁၈)ရက်နေ့ မနက်(၆:၃၀)အချိန်က နေအိမ်မှာ ကွယ်လွန်ဆုံးပါးသွားတာဖြစ်ပြီး ပရိသတ်တွေအပြင် အနုပညာရှင်တော်တော်များများကလည်း မိသားစုနဲ့ထပ်တူဝမ်းနည်း စိတ်မကောင်းနေကြတာပါ..။

Photo Credit - Daw Than Than's FB Account
Photo Credit - နာရေးကူညီမှုအသင်း-ရန်ကုန် FB Page
Photo Credit - နာရေးကူညီမှုအသင်း-ရန်ကုန် FB Page

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ် (၃၅) လမ်းအလယ်နေ အကယ်ဒမီ ကိုသီဟတင်စိုးနဲ့ အကယ်ဒမီ ဇင်မာဦး၊ အသံအကယ်ဒမီ ကိုဝဏ္ဏတင်စိုး၊ ဒါရိုက်တာကိုဉာဏတင်စိုး ၊ သရုပ်ဆောင် စည်သူတင်စိုး၊ အကယ်ဒမီ လူမင်းနဲ့ မခင်စံပယ်ဦး တို့ရဲ့ ဖခင်ဖြစ်သူ ဦးတင်စိုးဟာ အသက်(၇၉)နှစ်မှာ ကွယ်လွန်ဆုံးပါးသွားခဲ့တာ ဖြစ်ပါတယ်နော်..။

ဦးတင်စိုးရဲ့ ရုပ်ခန္ဓာကိုတော့ နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ အသင်းသားဖြစ်သူ ရုပ်ရှင်သရုပ်ဆောင် ထွန်းကိုကိုက နိဗ္ဗာန်ယာဉ်မောင်းနှင်ပြီး နေအိမ်မှ ရေဝေးသုဿန်ကို ပို့ဆောင်ပေးခဲ့ပါတယ်နော်..။

Photo Credit - နာရေးကူညီမှုအသင်း-ရန်ကုန် FB Page
Photo Credit - နာရေးကူညီမှုအသင်း-ရန်ကုန် FB Page
Photo Credit - နာရေးကူညီမှုအသင်း-ရန်ကုန် FB Page

ကွယ်လွန်သူ ဦးတင်စိုးရဲ့ နောက်ဆုံးဈာပနခရီးလေးကိုတော့ လာမယ့် ဖေဖော်ဝါရီလ (၂၀)ရက်နေ့ နံနက် (၁၀း၀၀)အချိန်မှာ ရေဝေးသုဿန်မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်နော်..။

ဒီကနေ့လေးမှာတော့ ဦးတင်စိုးရဲ့ရုပ်ခန္ဓာကိုယ်ကို နိဗ္ဗာန်ယာဉ်မောင်းနှင်ပြီး ပို့ဆောင်ဖေးမခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင် ထွန်းကိုကိုတို့ရဲ့ ပုံရိပ်လေးတွေကိုလည်း တင်ဆက်မျှဝေရင်း Myanmarload မှလည်း မိသားစုများနှင့် ထပ်တူထပ်မျှ ဝမ်းနည်းရပါကြောင်းနဲ့ ဦးတင်စိုး ကောင်းရာသုဂတိလားပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်..။

Photo Credit - နာရေးကူညီမှုအသင်း-ရန်ကုန် FB Page
Photo Credit - နာရေးကူညီမှုအသင်း-ရန်ကုန် FB Page

Source & Photo Credit - နာရေးကူညီမှုအသင်း-ရန်ကုန် FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။