နာမည်တူမရှားလူတူမရှားပါပဲ ။ ခုလည်း ထိုင်းမင်းသားလေးတစ်ယောက်ဟာ မြန်မာမင်းသား မြင့်မြတ်နဲ့ ရုပ်ဆင်တယ်လို့

ပြောနေကြပါတယ် ။ သူနာမည်ကတော့ Tao Sattaphong Phiangphor လို့ခေါ်ပါတယ် ။ အဆိုတော်မင်းသားတစ်ဦးပါ ။

May 3, 1990 မှာမွေးဖွားတာမို့ အသက်ကတော့ ၂၇ နှစ်ရှိပါပြီ ။ အရပ်အမြင့်ကတော့ ၅ ပေ ၉ လက်မရှိပါတယ် ။

သူ့ကိုလူသိများလာစေတဲ့ ဇာတ်ကားကတော့ Kiss the series ဆိုတဲ့လူငယ်ကြိုက်ရုပ်ရှင်ကားလေးပါ ။

ကိုရီးယားရဲ့ နာမည်ကြီး ဇာတ်လမ်းတွဲတွေကိုပြန်လည်ရိုက်ကူးထားတဲ့ Coffee Prince (Thai Version) ဇာတ်လမ်းတွဲမှာ ဇာတ်ရံအဖြစ်ပါဝင်ခဲ့ပြီး

ခုထုတ်လွှင့်ဆဲဖြစ်ပြီး ရေပန်းစားလူကြိုက်များနေတဲ့ Princess Hour (Thai Version) ထိုင်းဇာတ်လမ်းတွဲ မှာခေါင်းဆောင်မင်းသားလဲဖြစ်ပါတယ် ။

သူရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲတွေကတော့ ...

Coffee Prince

Koo Plub Salub Rang

Sandy

Sud Kaen Saen Rak

Wannueng Jaa Pben Superstar

Rak Lon Jai Nai Klaeng Joob

Kiss The Series

Princess hours Thai remake

Club Friday The Series 8 (Upcoming) တို့ဖြစ်ပြီး

Salary Man ဆိုတဲ့ ဇာတ်ကားလေးထဲမှာလဲပါဝင်သရုပ်ဆောင်ထားပါတယ် ။

သူပုံလေးတွေကြည့်ရင်း မြင့်မြတ်နဲ့ တကယ်ဆင်မဆင် ပရိတ်သတ်တို့ပဲ ပြောခဲ့ကြည့်ကြပါတော့နော် ...

Source : sharerice

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။