romanticဆန်ဆန်နဲ့သာယာကြည်နူးစရာကောင်းလှတဲ့ အာဘွိုင်းနဲ့မြတ်ရတနာကျော်တို့စုံတွဲ‌လေးကို ပရိတ်သတ်ကြီးသိကြမယ်ထင်ပါတယ်နော်။ သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာ‌အောင်မြင်‌မှုတွေရရှိထားတဲ့သူတို့နှစ်ဦးဟာ ချစ်စရာကောင်းတဲ့သမီးလေး Scarlett Phyo Tunကိုလည်းပိုင်ဆိုင်နေပြီပဲဖြစ်ပါတယ်။ သမီးလေး Scarlettဟာ ဖြူဖြူဖွေးဖွေး ပါးဖောင်းဖောင်းလေးနဲ့ အတော်လေးအသည်းယားဖွယ်ကောင်းအောင်ကို ချစ်စရာကလေးလေးဖြစ်ပါတယ်နော်။


Photo Credit-Myat Yadanar Kyaw's Facebook acc
Photo Credit-Myat Yadanar Kyaw's Facebook acc

မြတ်ရတနာကျော်ဟာ မကြာသေးမီကသူမရဲ့ facebookစာမျက်နှာတွင် Scarlettလေးခရီးသွားနေပါသည်ဆိုတဲ့captionလေးနဲ့ သမီးလေးရဲ့ပုံလေးတွေတင်ပေးလာပါတယ်။ Scarlettလေးဟာ လွတ်လပ်ပေါ့ပါးစွာနဲ့ပြုံးပျော်နေပြီး ဆံပင်လေးကို ထိပ်လေးမှာအသည်းယားစရာကောင်းအောင်စည်းထားပါသေးတယ်နော်။


Photo Credit-Myat Yadanar Kyaw's Facebook acc
Photo Credit-Myat Yadanar Kyaw's Facebook acc

အာဘွိုင်းနဲ့မြတ်ရတနာကျော်တို့ဇနီးမောင်နှံဟာ လတ်တလောတွင်ပွဲအခမ်းအနားများတက်ရောက်နေပြီး မိသားစုကိုလည်းအချိန်ပေးပြီးနေကြတာပဲဖြစ်ပါတယ်။ ပရိတ်သတ်ကြီးရော သူတို့မိသားစုလေးကိုချစ်ကြတယ်မလား။ အသည်းယားစရာကောင်းတဲ့ scarlettလေးရဲ့ပုံရိပ်တွေကိုပရိတ်သတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Myat Yadanar Kyaw's Facebook acc
Photo Credit-Myat Yadanar Kyaw's Facebook acc

Source-Myat Yadanar Kyaw's Facebook acc

Photo Credit-Myat Yadanar Kyaw's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။