မော်ဒယ်လ်သရုပ်ဆောင်အဖြစ်နဲ့ အနုပညာလောကထဲကိုစတင်ဝင်ရောက်လာတာဖြစ်တဲ့ နန်းခင်ဇေယျာကို ပရိသတ်ကြီး သိကြမယ်ထင်ပါတယ်။

သူမဟာဆိုရင် Miss Myanmar 2012 winner ဆုရှင်ဖြစ်ပြီး ပုရိသတို့စွဲမက်ဖွယ်ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားကာ စကားပြောဟန်ပြေပြစ်ချိုသာတာလည်းဖြစ်ပါတယ်။

Photo credit. Nang Khin Zay Yar's fb account

နန်းခင်ဇေယျာက ရေကူးဝါသနာပါသူတစ်ယောက်လည်းဖြစ်ပါတယ်။ ခေတ်ဆန်ဆန်ဝတ်စားဆင်ယင်တက်ပြီး မြန်မာဝတ်စုံလေးတွေနဲ့လည်း ရိုးရိုးယဉ်ယဉ်လှပနေသူတစ်ယောက်အဖြစ် တွေ့ရှိရမှာပါ..။ ဆီပိုမရှိတဲ့ ခန္ဓာကိုယ်အချိုးအစားဖြစ်အောင် gym လေ့ကျင့်ခန်းကို စနစ်တကျနဲ့ဆော့လေ့ရှိသူဖြစ်ပြီး ကစားနေတဲ့ဆွဲဆောင်မှုရှိရှိ အမိုက်စားပုံရိပ်တွေကိုလည်း ပရိသတ်တွေကြည့်ရှုခံစားရအောင် အမြဲပြသလေ့ရှိတာဖြစ်ပါတယ်...။

Photo credit. Nang Khin Zay Yar's fb account

နန်းခင်ဇေယျာက ပရိသတ်ကြီးနဲ့ အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတွေဖြစ်တဲ့ facebook၊ Instagram တို့တွင်သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကိုအစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်..။ အခုတစ်ခါမှာဆိုရင်လည်း Facebookမှာတင်ထားတဲ့ သူမရဲ့အလှပုံရိပ်တွေနဲ့အတူ "ရေပြင်အရမ်းလှနေတာ..." ဆိုတဲ့ captionလေးကို Myanmarload ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်...။

Photo credit. Nang Khin Zay Yar's fb account
Photo credit. Nang Khin Zay Yar's fb account

Photo credit. Nang Khin Zay Yar's fb account 

Source.Nang Khin Zay Yar's fb account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။