ပရိသတ်ကြီးရေ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ စမိုင်းလ်ကတော့ ယခုခေတ်မှာဆိုရင် အနုပညာအလုပ်တွေကိုလှုပ်ရှားမှုနည်းနေပေမယ့် ပရိသတ်တွေရဲ့ အချစ်တွေကိုတော့ ရရှိနေဆဲဖြစ်ပါတယ်။စမိုင်းလ်က ပျော်ရွှင်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး အရမ်းချစ်တတ်တဲ့ခင်ပွန်းကြောင့် အမြဲစိတ်ချမ်းသာပြီး ပျော်ရွှင်နေရတာပဲဖြစ်ပါတယ်နော်။စမိုင်းလ်ရဲ့သမီးလေးနှစ်ယောက်ကလည်း အမေတူလေးတွေဖြစ်လို့ ချစ်မွှေးလေးတွေပါပြီး အရမ်းချစ်ဖို့ကောင်းကြပါတယ်။

Photo Credit:စမိုင်းလ် Smile's Facebook page
Photo Credit:စမိုင်းလ် Smile's Facebook page
Photo Credit:စမိုင်းလ် Smile's Facebook page

စမိုင်းလ်တို့ဇနီးမောင်နှံနှစ်ယောက်ကတော့ အိမ်ထောင်သက်တမ်းနှစ်တွေအများကြီး ကြာမြင့်နေပေမယ့် အချစ်တွေကလတ်ဆတ်နေဆဲဖြစ်လို့ တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြတဲ့စုံတွဲလေးပါနော်။ဇနီးမောင်နှံနှစ်ယောက်က ဘယ်အရာမဆို စိတ်တူကိုယ်တူရှိကြပြီး အလှူအတန်းဆိုလည်းပျော်ပျော်ရွှင်ရွှင်လှူဒါန်းကြတာပါနော်။လတ်တလောမှာဆိုရင်လည်း စမိုင်းလ်တို့ဇနီးမောင်နှံက လူပေါင်း(၁၅၀၀)ကျော်အတွက် ဘာသာရေးအလှူကို ပြူလုပ်ထားပါသေးတယ်။

Photo Credit:စမိုင်းလ် Smile's Facebook page
Photo Credit:စမိုင်းလ် Smile's Facebook page
Photo Credit:စမိုင်းလ် Smile's Facebook page

ပရိသတ်တွေကလည်း စမိုင်းလ်တို့ဇနီးမောင်နှစ်ယောက်ရဲ့ စိတ်ထားလေးကို လေးစားကြပြီး ချီးကျူးနေကြတာပါနော်။အခုဆိုရင်တော့ စမိုင်းလ်က မြန်မာနိုင်ငံနယ်စပ်ဒေသဖွံ့ဖြိုးရေးအသင်း ဂုဏ်ထူးဆောင်သံတမန်အဖြစ် ပါဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။အဲ့ဒီပွဲအခမ်းအနားလေးကို စမိုင်းလ်က ချစ်ခင်ပွန်းနဲ့အတူတူတက်ရောက်ခဲ့ပြီး ဂုဏ်ထူးဆောင်သံတမန်အဖြစ် ပါဝင်ဆောင်ရွက်ခွင့်ရလို့ ဂုဏ်ယူနေရပြီး အမှတ်တရပုံရိပ်လေးတွေကို မျှဝေလာတာဖြစ်ပါတယ်နော်။

Photo Credit:စမိုင်းလ် Smile's Facebook page
Photo Credit:စမိုင်းလ် Smile's Facebook page
Photo Credit:စမိုင်းလ် Smile's Facebook page

Source&Photo Credit:စမိုင်းလ် Smile's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။