အခုခေတ်မှာ ယောက်ျားလေး မိန်းကလေး အသက်ကြီးငယ်အရွေး လှပ ကျစ်လျစ် သွယ်လျတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ချင်ကြတဲ့အတွက် နည်းလမ်းမျိုးစုံနဲ့ ဝိတ်ချလေ့ရှိပါတယ်။ ဒီနည်းလမ်းများစွာထဲကမှ ခန္ဓာကိုယ်အတွက်လည်း ဘေးမဖြစ်ဘဲ ဝိတ်ချလို့ရတဲ့နည်းလေးတစ်ခု ပြောပြချင်ပါတယ်။ ဒါကတော့ ငှက်ပျောသီးနဲ့ ဝိတ်ချခြင်းပဲဖြစ်ပါတယ်။

ဒီနည်းလမ်းဟာ ကမ႓ာနဲ့ အဝှမ်းကျော်ကြားနေပြီး ကိုရီးယားမင်းသမီးတွေတောင် ကျင့်သုံးနေကြတယ်လို့ ဆိုပါတယ်။ ကဲ ဘယ်လိုလုပ်ရမလည်း ဆိုတာဆက်ကြည့်ရအောင်နော်.....

၁။ နံနက်စာကို ငှက်ပျောသီး (၂) လုံးသာ စားပြီး ရေ (၂) ဖန်ခွက် သောက်ပါ။

၂။ နေ့လည်စာကို ပုံမှန်အတိုင်း ထမင်း၊ ဟင်းတို့ကို စားနိုင်ပါတယ်။ အဆီအဆိမ့်များတဲ့ အစာများကိုတော့ ရှောင်ပါ။

၃။ ညစာကိုတော့ ထမင်းဟင်းမစားပဲ သစ်သီးများနဲ့ ဟင်းသီးဟင်းရွတ်အချို့ကိုသာ စားပါ။ ည ၈ နောက်ပိုင်းကိုတော့ ဘာမှမစားပါနဲ့။

ဒီဝိ်တ်ချနည်းဟာ ရိုးရှင်းလွယ်ကူပြီး ပင်ပင်ပန်းပန်း အားကစားလည်း မလုပ်ရပဲ ငှက်ပျောသီးမှာပါဝင်တဲ့ အင်ဇိုင်းဓါတ်တစ်မျိုးဟာ အဆီများကို စုပ်ယူပြီး အစာချေဖျက်မှုကို ပိုမိုကောင်းစေကာ အာဟာရပြည့်ဝသည့်အတွက် ထမင်းဆာသည့် အဆာကိုလည်း ထိန်းပေးတယ်လို့ ဆိုပါတယ်။

ငှက်ပျောသီးကိုတော့ ဘာငှက်ပျောသီးမဆို အဆင်ပြေပါတယ်။ ဖီးကြမ်းကတော့ မြန်မာပြည်မှာသာ ပေါများပြီး အခြားနိုင်ငံများမှာတော့ ရှားပါးတဲ့အတွက် သီးမွေးကို အများဆုံး အသုံးပြုကြပါတယ်။

ကဲ သူငယ်ချင်းတို့လည်း ဓာတုဓာတ်တွေပါဝင်တဲ့ဆေးတွေသုံးမယ့်အစား ဒီလိုသဘာဝနည်းလမ်းလေးတွေကို စမ်းသုံးကြည့်ကြဖို့ တိုက်တွန်းလိုပါတယ်။

Source: Health Care

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။