တရုတ်ပြည် Jiangsu ပြည်နယ်ရှိ Xuzhouမြို့ဆေးရုံမှာ အသက်လေးဆယ်အရွယ်အမျိုးသားတစ်ဦးဟာ အသက်၁၂နှစ်အရွယ် ကိုယ်ဝန်ဆောင်မိန်းကလေးကို အသက်၂ဝအရွယ်ဇနီးလို့ လိမ်လည်ပြီး လာရောက်ကုသရန် ကြိုးစားခဲ့ပါတယ်။ မိန်းကလေးနဲ့အတူ မိန်းကလေး၏ယောက္ခမဆိုသူပါ ပါခဲ့ပြီး အဆိုပါအမျိုးသားက အသက်၂ဝပါလို့ ပြောကြားတဲ့အချိန် ဆရာဝန်တွေက မယုံကြည်နိုင်ခဲ့ဘဲ မိန်းကလေးဟာ ဒီ့ထက်အများကြီး ငယ်နိုငိတယ်လို့ ယူဆခဲ့ပါတယ်။

ဆေးရုံမှ ဝန်ထမ်းတစ်ယောက်က " ကလေးက အသက်၂ဝလို့ပြောရအောင် အရမ်းကို ငယ်လွန်းနေတယ်။ " လို့ပြောကြားခဲ့ပြီး ဆရာဝန်တွေရဲ့ သံသယက အဆိုပါအမျိုးသားကို ဒေါသထွက်စေခဲ့ပါတယ်။ " ငါလာတာ သူ့ကိုဆေးကုပေးဖို့။ စကားမရှည်ဘဲ ကိုယ့်အလုပ် ကိုယ်လုပ်စမ်းပါ " လို့ ဆရာဝန်တွေကို အဆိုပါအမျိုးသားမှ ပြန်လည် အော်ငေါက်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေဘက်မှာ အဆိုပါအမျိုးသားကို ခေတ္တထိန်းသိမ်းထားပြီး မိန်းကလေးမှာ တရုတ်မှတ်ပုံတင်မရှိဘူးလို့ ဆိုပါတယ်။ ကိုယ်ဝန်ဆောင် မိန်းကလေးဟာ အရှေ့တောင်အာရှဘက်မှ ဖြစ်ဖွယ်ရှိပြီး ဘယ်နေရာကနေ လာရောက်ခဲ့သလဲ၊ အဆိုပါအမျိုးသားနဲ့ ဘယ်လိုတွေ့ခဲ့တာလဲဆိုတာ သေချာမသိရသေးပါဘူး။

နှစ်စဉ်နှစ်တိုင်း အသက်မပြည့်တဲ့ ကလေးငယ် ၁၅သန်းလောက်ခန့်ဟာ မိမိတို့ စိတ်ဆန္ဒမပါဘဲ လက်ထပ်ထိမ်းမြားနေရတယ်လို့ သိရပါတယ်။

Source : viral4real

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။