ပရိသတ်ကြီးရေ မင်းသမီးချောလေးမိုးယုစံဟာဆိုရင် လက်ရှိမှာဆိုရင် အနုပညာအလုပ်တွေကို ပြန်လည်လုပ်ဆောင်နေပြီး ပရိသတ်တွေရဲ့မေတ္တာကို ပြန်လည်ရယူနေတာဖြစ်ပါတယ်။မိုးယုကတော့ အရမ်းချစ်စရာကောင်းတဲ့သားလေးတစ်ယောက်ကိုလည်း မွေးဖွားထားပြီး Austinလေးက အသက်(၂)နှစ်ကျော်အရွယ်ရောက်ရှိနေပြီဖြစ်လို့ မိုးယုလည်း အနုပညာအလုပ်တွေကိုတစိုက်မက်မက်နဲ့လုပ်ဆောင်နေတာပါနော်။ပရိသတ်တွေကလည်း မိုးယုရဲ့အနုပညာလှုပ်ရှားမှုတွေကို စောင့်ကြည့်ပြီးအားပေးဝန်းရံနေကြတာဖြစ်ပါတယ်။

Photo Credit:Moe Yu San's Facebook Account
Photo Credit:Moe Yu San's Facebook Account

မိုးယုရဲ့ချစ်ခင်ပွန်းကလည်း ဇနီးသည်ရဲ့အနုပညာအလုပ်တွေကို အပြည့်အဝနားလည်မှုပေးပြီး ချစ်ဇနီးချောလေးကို စိတ်ချမ်းသာအောင်ထားပေးတဲ့ခင်ပွန်းကောင်းတစ်ယောက်ဖြစ်ပါတယ်။Austinလေးက မေမေမိုးယုလိုပဲ ချစ်မွှေးလေးပါပြီး စကားလေးတွေတီတီတာတာပြောတတ်တာကြောင့် ပရိသတ်တွေကလည်းအရမ်းချစ်နေရတာဖြစ်ပါတယ်။မေမေမိုးယုကတော့ အားတဲ့အချိန်တိုင်းမှာ သားသားလေးနဲ့အတူဆော့ကစားပေးပြီး နွေးထွေးတဲ့မေတ္တာတရားတွေပေးပါတယ်နော်။

Photo Credit:Moe Yu San's Facebook Account
Photo Credit:Moe Yu San's Facebook Account
Photo Credit:Moe Yu San's Facebook Account

အခုဆိုရင်လည်း မေမေမိုးယုက သားသားလေးနဲ့အတူ Selfie ရိုက်နေပြီး သားအမိနှစ်ယောက် ပိုစ့်ဆင်တူလေးတွေလုပ်ကာ အရမ်းချစ်စရာကောင်းနေကြတာဖြစ်ပါတယ်။မိုးယုကတော့"ချစ်တယ်သားလေးရယ် မာမီခိုင်းတာတွေလိုက်လုပ်တတ်နေပြီ"ဆိုပြီး ရေးသားထားကာ သားအမိနှစ်ယောက်ရဲ့ချစ်စရာပုံလေးတွေကို မျှဝေလာတာဖြစ်ပါတယ်။ပရိသတ်ကြီးလည်း မိုးယုတို့သားအမိနှစ်ယောက်ရဲ့အသည်းယားစရာပုံရိပ်လေးတွေကို တွေ့မြင်ရအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Moe Yu San's Facebook Account
Photo Credit:Moe Yu San's Facebook Account

Source&Photo Credit:Moe Yu San's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။