ပရိသတ်ကြီးရေ အကယ်ဒမီ ကျော်သူကတော့ ဆယ်စုနှစ်လောက်ကနေ ယနေ့အချိန်အထိ အနုပညာလောကမှာ ပရိသတ်တွေချစ်ခင်အားပေးမှုတွေကြောင့် အောင်မြင်မှုတွေရရှိနေတဲ့ ဝါရင့်သရုပ်ဆောင်တစ်ဦးပဲဖြစ်ပါတယ်။ကျော်သူကတော့ တစ်ခေတ်တစ်ခါက ထိပ်တန်းအနုပညာရှင်တွေထဲကမှတစ်ယောက်ဖြစ်သလို သူ့ရဲ့ ဇာတ်ကားတွေကလည်း သဘာဝကျကျ ပီပြင်အောင် သရုပ်ဆောင်ထားနိုင်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။ လတ်တလောမှာတော့ ကျော်သူက ဘာသာရေးကိုလည်းအထူးလိုက်စားပြီး လူမှုရေးအသင်းကိုအဖွဲ့စည်းထားတဲ့ လေးစားဖွယ် အနုပညာရှင်တစ်ယောက်ဆိုရင်လည်းမမှားပါဘူးနော်..။

Photo Credit - Kyaw Thu Facebook Page
Photo Credit - Kyaw Thu Facebook Page

ယခုဆိုရင်လည်း ကျော်သူက ဖိုးဦးတောင်မှာ ဇနီးဖြစ်သူနှင့်အတူ ၇ ရက်သားသမီးတွေအတွက် ကောင်းမှုကုသိုလ်တွေပြုလုပ်ခဲ့ပါတယ်။သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာလည်းအဓိဋ္ဌာန်အောင်ခဲ့ပြီးဖြစ်ကြောင်း ဇနီးနဲ့အတူ ကောင်းမှုကုသိုလ်ပြုလုပ်ခဲ့တာကို ဖွဲ့ဖွဲ့နွဲ့နွဲ့ စကားဆိုထားရမှာလည်း“တူရှင်တွဲ"မောင်တစ်ထမ်းမယ်တစ်ရွက်"ခရီးစဉ်မှာ"သည်တောင်ကိုမောင်ဖြိုပါ့မယ်"လို့မာန်တင်းခဲ့သော်ငြား"ကညာပျိုနဲ့ဇရာအို" ဖြစ်တာကြောင့် လက်လျော့ရမယ့်အခြေကိုမြတ်စွာဘုရား သက်ရှိခြေချခဲ့တဲ့နေရာဌာနမှာ ဗုဒ္ဓရဲ့မေတ္တာသံလှိုင်း အားအင်တွေကြောင့်"ဓါးတောင်ကိုကျော်၍မီးပင်လယ်ကိုဖြတ်"ခဲ့ကာငြိမ်းချမ်းတဲ့ဓမ္မရိပ်ကိုအရောက်လှမ်းနိုင်ခဲ့လေပြီ။ ဖိုးဦးတောင် အဓိဋ္ဌာန်အောင်ခဲ့ပြီ” ဆိုပြီးရေးသားဖော်ပြခဲ့ပါတယ်။

Photo Credit - Kyaw Thu Facebook Page
Photo Credit - Kyaw Thu Facebook Page

ပရိသတ်ကြီးကလည်း အဓိဋ္ဌာန်အောင်ခဲ့ပြီးဖြစ်တဲ့ အကယ်ဒမီကျော်သူ ကို ဆုမွန်ကောင်းလေး တောင်းပေးလိုက်ပါဦးနော်..။ ကျော်သူရဲ့ ၇ ရက်သားသမီးတွေအတွက် ကောင်းမှုကုသိုလ်တွေပြုလုပ်ခဲ့တဲ့ ပုံရိပ်လေးတွေကလည်း မြင်သူတကာ ရဲ့စိတ်ထဲမှာ စိတ်အေးချမ်းစေမှာပါ။ ကဲ…ချစ်ပရိသတ်ကြီးရေ အကယ်ဒမီကျော်သူရဲ့ ဇနီးဖြစ်သူနှင့် ကောင်းမှုကုသိုလ်ပြုလုပ်ခဲ့တဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Kyaw Thu Facebook Page
Photo Credit - Kyaw Thu Facebook Page

Source & Photo Credit - Kyaw Thu Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။