ရုပ်ရှင်သရုပ်ဆောင် မင်းသမီးချော လင်းဇာနည်ဇော်ကတော့ ချောမောလှပပြီး အရမ်းကိုချစ်စရာကောင်းတဲ့ အမေတူသမီးချောလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ မေမေ့ဆီက အလှတရားတွေကို အမွေရရှိထားတဲ့ မြူလင်းကိုကိုလေးကတော့ မြင်သူတိုင်း ချစ်ခင်စေလောက်တဲ့ မျက်နှာအလှပိုင်ရှင်လေး ဖြစ်ပါတယ်။ ဒါ့အပြင် မြူလင်းကိုကိုက ဖြူဖွေးနုဖတ်တဲ့အသားအရေလေးနဲ့ တကယ့်ကိုစွဲမက်ချင်စရာကောင်းလောက်ပါတယ်။

Photo Credit-Myu Linn Ko Ko's FB Acc
Photo Credit-Myu Linn Ko Ko's FB Acc
Photo Credit-Myu Linn Ko Ko's FB Acc

ပုရိသတွေရဲ့ကြားမှာ သည်းသည်းလှုပ်ရေပန်းစားနေတဲ့ မြူလင်းကိုကိုက သြစတေးလျနိုင်ငံမှာ ပညာသွားရောက်သင်ကြားခဲ့တာ ဖြစ်ပါတယ်။ ပညာရေးကိုသာ ဦးစားပေးလုပ်ကိုင်နေတဲ့ မြူလင်းကိုကိုကို ပရိသတ်တွေက အပြတ်အသတ်အားပေးဝန်းရံနေတာ ဖြစ်ပါတယ်။ တစ်နေ့ထက်တစ်နေ့ အလှတွေတိုးလာပြီး အရွယ်ရောက်လာတဲ့ မြူလင်းကိုကိုက ဘယ်လိုကြည့်ကြည့် နိုင်ငံခြားသူလေးလို့တောင် ထင်မှတ်ရတာ ဖြစ်ပါတယ်။

Photo Credit-Myu Linn Ko Ko's FB Acc
Photo Credit-Myu Linn Ko Ko's FB Acc
Photo Credit-Myu Linn Ko Ko's FB Acc

အခုလည်း မြူလင်းကိုကိုက ဖက်ရှင်ကျကျလေးဝတ်ဆင်ပြီး စတိုင်အပြည့်နဲ့ပို့စ်ပေးထားတဲ့ ပုံရိပ်လေးတွေကို မျှဝေထားပါတယ်။ မြူလင်းကိုကိုကတော့ နက်မှောင်တဲ့ဆံကေသာလေးဆိုရင်လည်း လိုက်ဖက်သလို ရွှေအိုရောင်ဆံပင်ကာလာလေးနဲ့ဆိုရင်လည်း ဘိုမရုပ်လေးလိုလှနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် လင်းဇာနည်ဇော်ရဲ့သမီးလေး မြူလင်းကိုကိုရဲ့ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit-Myu Linn Ko Ko's FB Acc

Photo Credit-Myu Linn Ko Ko's FB Acc
Photo Credit-Myu Linn Ko Ko's FB Acc
Photo Credit-Myu Linn Ko Ko's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။