ပရိသတ်ကြီးရေ အောင်မြင်ကျော်ကြားတဲ့အဆိုတော်အဖြစ် အနုပညာလောကမှာရပ်တည်နေပြီး ကိုယ်ပိုင်ရေးသားထားတဲ့သီချင်းလေးတွေကို အသံပါဝါကောင်းကောင်းနဲ့ စင်မြင်ထက်မှာ သီဆိုတက်သူလေးကတော့ အဆိုတော်မလေး Bobby Soxerပဲဖြစ်ပါတယ်။ သူမက အဆိုတော် လွှမ်းပိုင်နဲ့လည်း သာယာပျော်ရွှင်ပြီး နားလည်မှုအပြည့်နဲ့ တည်ဆောက်ထားတဲ့ ချစ်သူဘဝလေးကို ပိုင်ဆိုင်ထားပါသေးတယ်။ ချစ်စရာကောင်းပြီး လိုက်ဖက်ညီလွန်းတဲ့ စုံတွဲဖြစ်လို့ ပရိသတ်တွေကလည်း သဘောကျနေကြတာပဲဖြစ်ပါတယ်။ 

Photo Credit; Bobby Soxer's FB account

လတ်တလောမှာလည်း သူတို့နှစ်ဦးက အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး ပွဲအခမ်းအနားတွေကိုလည်း အတူတူတက်ရောက်နေတာပဲဖြစ်ပါတယ်နော်။ အခုလက်ရှိမှာတော့ အဆိုတော်မလေး Bobby Soxerက ဆံပင်ပုံစံအသစ်လေးကို ပြောင်းလဲထားပြီး ဓာတ်ပုံအလန်းစားလေးတွေကို ဖေ့ဘွတ်စာမျက်နှာကနေ မျှဝေပေးလျက်ရှိနေတာပဲဖြစ်ပါတယ်။ "ခြေ ၁လှမ်း ကုဋေတစ်သန်း"ဆိုတဲ့ စာသားလေးနဲ့အတူ လမ်းမတစ်ခုထက်က အမိုက်စားပုံရိပ်လေးတွေကို မျှဝေထါးတာပဲဖြစ်ပါတယ်။ 

Photo Credit; Bobby Soxer's FB account

အထာကျကျ နေရောင်အောက်မှာ ပိုစ့်ပေးနေတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။ အဆိုတော်မလေး Bobby Soxerနဲ့ သူရဲ့ ချစ်သူဖြစ်တဲ့ လွှမ်းပိုင်တို့ကို ဆက်လက်အားပေးကြမယ်မလား ပရိသတ်ကြီး။ သူမရဲ့ ပုံရိပ်လေးတွေကို ကြည့်ရင်း အသည်းလေးတွေပေးခဲ့ဖို့မမေ့လိုက်ပါနဲ့အုန်းနော်...။

Photo Credit; Bobby Soxer's FB account

Photo Credit; Bobby Soxer's FB account

Source; Bobby Soxer's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။