screenshoot of ESl SEA Twitter

SEA Region ရဲ့ အကြမ်းဆုံး Dota 2 team တစ်ခုကို ရှာဖွေဖော်ထုတ်ပေးမယ့် ESL SEA Championship ပြိုင်ပွဲကြီး

ESL SEA Championship ပြိုင်ပွဲကြီးကတော့ သိပ်မကြာခင်မှာကျင်းပပြုလုပ်သွားတော့မှာပဲဖြစ်ပါတယ်။

ဒီပြိုင်ပွဲကြီးမှာပေးအပ်သွားမယ့် prize pool ကတော့ $20,000 USD ဖြစ်ပြီး champion ဖြစ်တဲ့အသင်းဟာ ESL One Birmingham 2020 ရဲ့ close qualifier ကို direct invite ရရှိမှာပဲဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာတော့ စုစုပေါင်း dota 2 team 8 team ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမှာဖြစ်ပြီး direct invites 4 team နဲ့ open qualifier ကတက်လာတဲ့ 4 team ယှဉ်ပြိုင်ရမှာပဲဖြစ်ပါတယ်။

Open qualifier ပွဲစဉ်တွေကိုတော့ လာမယ့် ဖေဖော်ဝါရီလ 29 ရက်နေ့ကနေ March လ 4 ရက်နေ့ထိ ပြုလုပ်သွားမှာပဲဖြစ်ပါတယ်။

ဒါ့ကြောင့် ESL SEA Championship ယှဉ်ပြိုင်ချင်တဲ့ Dota 2 team တွေအနေနဲ့ အခုချိန်ကနေစတင်ပြီး register လုပ်လို့ရနေပီပဲဖြစ်ပါတယ်။

source - ESL Sea TWITTER

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။