ပရိသတ်တွေရဲ့အချစ်တွေကို သိမ်းပိုက်ထားကြပြီး ပရိသတ်တွေအပြင် အနုပညာရှင်အချင်းချင်းတွေကပါ အားကျနေတဲ့ ကြည်နူးစရာမိသားစုလေးကတော့ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ ပျော်စရာမိသားစုလေးပဲ ဖြစ်ပါတယ်..။

အနုပညာလမ်းကြောင်းမှာ ကိုယ်စီအောင်မြင်မှုတွေရရှိထားသလို ချစ်စရာကောင်းလွန်းတဲ့ အမွှာသမီးလေးနှစ်ယောက်နဲ့အတူ သာယာပျော်ရွှင်ပြီး ကြည်နူးစရာမိသားစုဘဝလေးကို လက်တွဲညီညီနဲ့ တည်ဆောက်ဖြတ်သန်းနေတာမို့လည်း ပရိသတ်တွေက အမြဲစိတ်ကြည်နူးနေကြတာဆိုလည်း မမှားပါဘူးနော်..။


Photo Credit - Alinn Yaung Photography
Photo Credit - Htwe Lynn Ko's FB Account

ပရိသတ်တွေကို အမြဲအချစ်ပိုစေကြတဲ့ သူတို့မိသားစုလေးကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက “ခေတ်သစ်ဖောင်ဒေးရှင်း” ရဲ့ တစ်နှစ်ပြည့်အခမ်းအနားပွဲလေးကို ကျင်းပပြုလုပ်ခဲ့ကြပြီး သူတို့ရဲ့မိသားစုလေးအကြောင်းကို ရယ်ရယ်မောမောလေးနဲ့ ပျော်ရွှင်စွာနဲ့ ပြောပြထားကြပါတယ်နော်..။

ဇနီးမောင်နှံနှစ်ယောက်သား အချင်းချင်းတစ်ယောက်ကို တစ်ယောက် စနောက်ရယ်မောကာ ချစ်စဖွယ်လေး ပြောပြထားတဲ့ သူတို့စုံတွဲလေးရဲ့ ေီဒီယိုဖိုင်လေးကတော့ ကြည့်လိုက်တဲ့ပရိသတ်တွေပါ အပျော်လေးတွေ ကူးစက်စေဦးမှာပါနော်..။


Photo Credit - Htwe Lynn Ko's FB Account
Photo Credit - Alinn Yaung Photography

သမီးလေးနှစ်ယောက်နဲ့ မိသားစုကို ဟန်ချက်ညီညီ အတူလက်တွဲကာ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေကြတဲ့ အကြောင်းလေးတွေကို ပြောပြထားတာမို့ ပရိသတ်တွေကလည်း သဘောကျအချစ်ပိုနေကြမှာပဲ ဖြစ်ပါတယ်နော်..။

လူသားတွေပဲ ဖြစ်တာမို့ (၂၄)နာရီလုံးပျော်နေတာမျိုးမဟုတ်ဘဲ အဆင်မပြေတာတွေလည်း ရှိကြပေမယ့် အပေါင်းလက္ခဏလေးတွေနဲ့ ပျော်သလို သူတို့နဲ့ ပတ်သက်ပြီး တွေ့တဲ့ကြည့်တဲ့မြင်တဲ့သူတွေပ အပူတွေမဟုတ်ဘဲ ပျော်သွားတော့ ကုသိုလ်ရတာပေါ့ဆိုပြီးတော့ ပြောပြထားတဲ့ သူတို့စုံတွဲလေးရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Alinn Yaung Photography
Photo Credit - Htwe Lynn Ko's FB Account

Photo Credit - Htwe Lynn Ko's FB Account & Alinn Yaung Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။