ချစ်ပရိသတ်ကြီးရေ မော်ဒယ်၊ သရုပ်ဆောင် မင်းသားချောလေး ပိုင်တံခွန်ကတော့ နှုတ်ခမ်းနီမလေးတွေရဲ့တစ်ခဲနက်အားပေးမှုကို ရရှိထားသူပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံက မိန်းကလေးပရိသတ်တွေကြားမှာပါ အကြီးအကျယ်အောင်မြင်နေတဲ့ ပိုင်တံခွန်ကတော့ မျက်နှာပွင့်တဲ့ ကိုလူချောလေးတစ်ယောက် ဖြစ်ပါတယ်။ အရပ်ရှည်ပြီး Body တောင့်တဲ့ပိုင်တံခွန်က မိန်းကလေးတွေကြွေမယ်ဆိုရင်လည်း ကြွေလောက်ပါတယ်နော်။

Photo Credit : Paing Takhon Facebook Account
Photo Credit : Paing Takhon Facebook Account
Photo Credit : Paing Takhon Facebook Account

ပိုင်တံခွန်ကတော့ အနုပညာလှုပ်ရှားမှုပုံရိပ်များကို သူရဲ့ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။ ကောင်မလေးတွေနဲ့တွဲရိုက်ထားတဲ့ပုံလေးတွေတင်ကာ ပရိသတ်တွေကို အမြဲစနောက်တက်တဲ့ သူလေးလည်းဖြစ်ပါတယ်။လတ်တလောမှာတော့ မြန်မာနိုင်ငံရဲ့ အလှဆုံးနေရာလေးတွေမှာ အမိုက်စားရိုက်ချက်တွေနဲ့ရိုက်ခဲ့တဲ့ အမှတ်တရ ပုံလေးများစွာကိုပုံဖော်ပြထားတာတွေ့ရပါတယ်။

Photo Credit : Paing Takhon Facebook Account
Photo Credit : Paing Takhon Facebook Account
Photo Credit : Paing Takhon Facebook Account

ပုံလေးထဲမှာ အထာကျကျခန့်ညားနေပြီး ကြွေချင်စရာကောင်းလွန်းနေတာလည်းဖြစ်ပါတယ်။ပိုင်တံခွန်ကတော့ကြော်ငြာတွေများစွာ ရိုက်ကူးရပြီး ရုပ်ရှင်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်နေတာ တွေ့ရပါတယ်။ ချောမောခန့်ညားတဲ့ ရုပ်ရည်ကလည်း နှုတ်ခမ်းနီမလေးတွေရဲ့ စိတ်ကိုညို့ယူထားတာ ဖြစ်ပါတယ်။ချစ်ပရိတ်သတ်ကြီးတွက် ပိုင်တံခွန်ရဲ့ ခရီးသွားပုံလေးတွေကို ကြည့်ရူ့နိုင်စေရန်မျှဝေပေးလိုက်ပါတယ်။

Source & Photo Credit : Paing Takhon Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။