ပရိသတ်တွေအကြိုက်တွေ့စေမယ့် MPT မြန်မာနေရှင်နယ်လိဂ် ၂၀၂၀ ပွဲစဉ် (၇) ကို ရောက်ရှိလို့လာပြီးလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာလည်း အသင်းတိုင်းက ပြိုင်ဆိုင်မှုပြင်းထန်းပြီး အသင်းအတွက် အနိုင် ရလဒ်တွေရရှိအောင် စွမ်းဆောင်သွားကြတာကိုလည်း တွေ့မြင်ပြီသားလည်းဖြစ်မှာပါနော်…။ လက်ရှိ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ဟံသာဝတီယူနိုက်တက်အသင်းက ရမှတ် ၁၈ မှတ်ဖြင့် ရပ်နေတာဖြစ်ပြီး ပွဲစဉ်(၇) မှာလည်း ဟံသာဝတီယူနိုက်တက်အသင်းက အမှတ်ပေးဇယားရဲ့ အဆင့် ၁ နေရာ ရပ်တည်ထားနိုင်ဦးမလားဆိုတာ စိတ်ဝင်စားစရာကောင်းလာပြီလည်းဖြစ်ပါတယ်။

Photo Credit - Myanmar National League Facebook Page

ပွဲစဉ် (၇) မှာ ISPE- မကွေးအက်ဖ်စီ ဖေဖော်ဝါရီလ ၂၁ ရက် ညနေ ၃နာရီခွဲ ၊ဆောက်သမ်းမြန်မာ-ချင်းယူနိုက်တက် ၊ရန်ကုန်ယူနိုက်တက်-ရှမ်းယူနိုက်တက် ၊ ဇွဲကပင်ယူနိုက်တက်-ရခိုင်ယူနိုက်တက် ဖေဖော်ဝါရီလ ၂၂ ရက် ညနေ ၃နာရီခွဲ တို့မှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး ဧရာဝတီယူနိုက်တက်-ရတနာပုံအက်ဖ်စီ ၊ ဟံသာဝတီယူနိုက်တက်-စစ်ကိုင်းယူနိုက်တက် ဖေဖော်ဝါရီလ ၂၃ ရက် ညနေ ၃နာရီခွဲ တို့မှာ ယှဉ်ပြိုင်ကစားကြမှာလည်းဖြစ်ပါတယ်။

Photo Credit - Myanmar National League Facebook Page

ပွဲစဉ်တွေက မြန်မာနေရှင်နယ်လိဂ် ပရိသတ်တွေ စိတ်ဝင်တစား စောင့်ကြည့်အားပေးသွားရမယ့် ပွဲစဉ်တွေပဲ ဖြစ်ပါတယ်။ အသင်းတိုင်း ရဲ့ အားပြိုင်မှုတွေက ယခုတစ်ပတ်မှာ ပိုမိုပြင်းထန်ရှိတာကြောင့် ဘောလုံးပရိသတ်ကြီးလည်း စောင့်မျှော်ကြည့်ပေးကြပါဦး ။ ကဲ…ချစ်ပရိသတ်ကြီး MPT မြန်မာနေရှင်နယ်လိဂ် ၂၀၂၀ ပွဲစဉ် (၇) ရဲ့ ယှဉ်ပြိုင်ကစားရမယ့် ပွဲစဉ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Photo Credit - Myanmar National League Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။