ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ အာကာသ စကြာဝဠာနဲ့ ပတ်သက်ပြီး စိတ်ဝင်တစား ဖတ်ရှုကြသူတွေအတွက် "supernova star"အကြောင်းကို ဗဟုသုတ ဖြစ်ဖွယ်မှတ်သား သိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ လတ်တလော အနုပညာလှုပ်ရှားမှုသတင်း၊ ပြည်တွင်းပြည်ပ အားကစားသတင်း (E-sports အပါအဝင်)၊ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow page ကို like and follow လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။
Supernova star ဆိုတာဟာ ကျွန်ုပ်တို့ နေထက် အဆပေါင်းများစွာ ကြီးကျယ်ခမ်းနားတဲ့ ကြယ်ကြီးတွေပဲဖြစ်ပါတယ်။ အဲ့လိုပြောရုံနဲ့ မပြည့်စုံသေးပါဘူး....၊ အဲ့ကြယ်ကြီးတွေ Galaxy မှာ ပေါက်ကွဲမှုဖြစ်တဲ့အခါ လှပသော ရောင်စဉ်တွေ ဖြာထွက်လာတာကို ဆိုလိုခြင်းဖြစ်ပါတယ်။ အဲ့လိုလှပသော မြင်ကွင်းတွေကိုတော့ Satellite ဂြိုလ်တုကပေးဖို့တဲ့ ပုံရိပ်တွေမှာသာ ပိုပြီး ထင်ထင်ရှားရှား မြင်တွေ့ရမှာ ဖြစ်ပါတယ်။ စူပါနိုဗာရဲ့ စိတ်ဝင်စားဖွယ် အချက်တွေကိုလည်း ဆက်လက်ဖတ်ရှုသွားပါဦးနော်။
ထိုကြီးကျယ်ခမ်းနားတဲ့ ကြယ်ကြီးတွေရဲ့ ပေါက်ကွဲမှုအလင်းအားဟာ နေကထွက်တဲ့ အလင်းထက် သန်းတစ်သောင်း ပိုမိုလင်းလက်တာ ဖြစ်ပါတယ်။ ပြီးတော့ အဲ့လိုပေါက်ကွဲတဲ့ အချိန်မှာ ထုတ်လွှတ်တဲ့ စွမ်းအင်ပမာဏကတော့ 10 power 44(joules) ရှိပါတယ်။ ဆိုလိုတာက နေရဲ့ သက်တမ်း နှစ်ပေါင်းသန်းတစ်သောင်းမှာ ထုတ်လွှတ်တဲ့ စွမ်းအင် ပမာဏနဲ့ တူညီတာပဲဖြစ်ပါတယ်။ အထက်ပါ မြင်တွေ့ရမယ့်ပုံတွေကတော့ စူပါနိုဗာ ပေါက်ကွဲနေသော ပုံတွေပဲ ဖြစ်ပါတယ်။ နောင်လည်း အာကာသ သိပ္ပံဆိုင်ရာ အဖြစ်အပျက်တွေကို တင်ဆက်ပေးသွားမှာမလို့ ဆက်လက်စောင့်မျှော်အားပေးကြပါဦးနော်။
source သံ ဇဉ် မိုးဇတ်
photo credit pngtree
သတင်းဖော်ပြခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်"ကို ကျေးဇူးတင်ရှိပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။