မင်းသမီးချောလေး ခေးဆက်သွင်ကတော့ အိုက်တင်ပီပြင်ပြီး သရုပ်ဆောင်ပိုင်းမှာထူးချွန်တဲ့ အနုပညာရှင်တစ်ယောက်လို့ ဆိုနိုင်ပါတယ်။ ဇာတ်လမ်းတွဲလေးတွေနဲ့ ပရိသတ်တွေရဲ့အားပေးမှုကိုစတင်ရရှိခဲ့တဲ့ ခေးဆက်သွင်က ဇာတ်လမ်းတွဲမြောက်များစွာကို ရိုက်ကူးခဲ့ရတာ ဖြစ်ပါတယ်။ မကြာသေးခင်ကလည်း ခေးဆက်သွင်က " နှင်းဆီ " ဆိုတဲ့ရုပ်သံဇာတ်လမ်းတွဲလေးနဲ့ ပရိသတ်တွေရဲ့အချစ်ကို အရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit-Khay Sett Thwin's FB Acc
Photo Credit-Khay Sett Thwin's FB Acc
Photo Credit-Khay Sett Thwin's FB Acc

ကျစ်လစ်လှပပြီး ပြေပြစ်သွယ်လျတဲ့ကောက်ကြောင်းအလှပိုင်ရှင်လေး ခေးဆက်သွင်က ဘယ်လိုဖက်ရှင်မျိုးနဲ့မဆို ဆွဲဆောင်မှုရှိရှိလှနေတာ ဖြစ်ပါတယ်။ အခုဆိုရင်လည်း ခေးဆက်သွင်က ဆံနွယ်ရှည်လေးတွေကိုညှပ်လိုက်ပြီး ဆံပင်တိုတိုလေးနဲ့ အထာကျနေတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ခေးဆက်သွင်တစ်ယောက် ပျော်ဘွယ်မြို့ကို သွားရောက်ပြီး ပရိသတ်တွေနဲ့တွေ့ဆုံကာ သီချင်းဆိုဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်။

Photo Credit-Khay Sett Thwin's FB Acc
Photo Credit-Khay Sett Thwin's FB Acc
Photo Credit-Khay Sett Thwin's FB Acc

ခေးဆက်သွင်က နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ "ပွမ်ပွမ်မြည်တဲ့အသည်းလေး"သီချင်းကို သာယာချိုမြတဲ့အသံလေးနဲ့ အကောင်းဆုံးသီဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ခေးဆက်သွင်က သီချင်းဆိုဖျော်ဖြေရင်း စင်ပေါ်ကနေ ခါးလေးလှုပ်ကာကပြရင်း ပရိသတ်တွေနဲ့အတူ ပျော်ရွှင်ခဲ့တာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် သီချင်းဆိုဖျော်ဖြေခဲ့တဲ့ မင်းသမီးချောလေး ခေးဆက်သွင်ရဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-Khay Sett Thwin's FB Story 

Photo Credit-Khay Sett Thwin's FB Story
Photo Credit-Khay Sett Thwin's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။