ပရိသတ်ကြီးရေ.. အဆိုတော်မူးလာကတော့ Myanmar Idol ပြိုင်ပွဲကြီးကနေ ပရိသတ်တွေရဲ့ အချစ်တွေကို စတင်ရရှိလာပြီး အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်ကာ အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာကြယ်တစ်ပွင့်အဖြစ် လျှောက်လှမ်းနေပြီပဲ ဖြစ်ပါတယ်..။

ပရိသတ်တွေရဲ့တခဲနက်အားပေးဝန်းရံမှုတွေကို ရရှိသိမ်းပိုက်ထားပြီး ဆွဲဆောင်မှုရှိတဲ့အသံကောင်းကောင်းလေးအပြင် ပျော်ပျော်နေတတ်တဲ့ ပုံရိပ်လေးတွေကလည်း မူးလာရဲ့ဆွဲဆောင်မှုလေးတွေလို့ ဆိုရမှာပါပဲနော်..။


Photo Credit - Saw Chris MooLer's FB Account
Photo Credit - Dior By Heart

အားလုံးက သည်းသည်းလှုပ်ချစ်ကြတဲ့ အဆိုတော်မူးလာကတော့မြန်မာနိုင်ငံရဲ့ အဓိပ္ပာယ်နက်နဲပြီး အသက်ဝင်နေတဲ့ ရှေးဟောင်းအမွေအနှစ်တွေကြောင့် ဂုဏ်ယူရပြီး ရှေးဟောင်းမွေအနှစ်တွေကို မြင်ရတာ ရင်ထဲငြိမ်းချမ်းတယ်ဆိုပြီး ပြောပြလာပါတယ်..။

ရှေးဟောင်းပစ္စည်းတွေကို အရမ်းကြိုက်ပြီး အရမ်းလည်း တန်ဖိုးကြီးကာ ပျူမြို့ဟောင်းတို့ ရခိုင်မြောက်ဦးတို့ကို ရောက်ခဲ့ဖူးပြီး အရမ်းအဓိပ္ပာယ်နက်နဲပြီး အသက်ရှိနေသေးတဲ့အတွက် ရှေးဟောင်းအမွေအနှစ်တွေဖြစ်တာကြောင့် ရင်ထဲမှာ အရမ်းငြိမ်းချမ်းကာ ကမ္ဘာကတောင် လေးစားအားကျပြီးတော့ တကူးတကဓာတ်ပုံတွေ လာရိုက်ရတဲ့နေရာဖြစ်တဲ့အတွက် အရမ်းကိုဂုဏ်လည်းယူသလို အရမ်းလည်းချစ်ပြီး အရမ်းလည်း မြတ်နိုးတဲ့အကြောင်းလေးတွေ ပြောပြထားတာပါ..။


Photo Credit - Saw Chris MooLer's FB Account
Photo Credit - Saw Chris MooLer's FB Account

“အသက်ကြီးမှ မဟုတ်ဘူး အခုကတည်းက သွားနေမှာ ကျွန်တော်က ပြင်ပထက်စာရင် ကျွန်တော့်နိုင်ငံကို ပိုချစ်တဲ့အတွက်ကြောင့် အရမ်းကို လှတဲ့နေရာတွေအများကြီးရှိတယ် အရမ်းကိုတန်ဖိုးမဖြတ်နိုင်တဲ့နေရာတွေ အများကြီးရှိတဲ့အတွက် ဒီနေရာတွေကိုတော့ ရောက်အောင်သွားမယ် ဒီနေရာကုန်တော့မှ နိုင်ငံခြားကို သက်သက်ခရီးထွက်မယ် ကိုယ့်နိုင်ငံက အလှတရားတွေကိုတော့ကိုယ်ကိုယ်တိုင်သွားပြီးတော့ ခံစားကြည့်ချင်သေးတယ် ..” ဆိုပြီးတော့လည်း မူးလာက ပြောပြထားပါသေးတယ်..။

ပရိသတ်ကြီးရေ.. ဒီကနေ့လေးမှာ ရှေးဟောင်းအမွေအနှစ်တွေကို တန်ဖိုးထား ချစ်မြတ်နိုးတတ်ပြီး လေးစားဂုဏ်ယူတတ်တဲ့ မူးလာတဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Saw Chris MooLer's FB Account
Photo Credit - Saw Chris MooLer's FB Account

Photo Credit - Saw Chris MooLer's FB Account & Dior By Heart

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။