ပရိသတ်ကြီးရေ MRTV-4ဇာတ်လမ်းတွဲတွေထဲမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိတ်သတ်အားပေးမှုကိုရရှိကာ အနုပညာလမ်းကြောင်းမှာ အောင်မြင်မှုတွေများစွာရရှိပြီး ရပ်တည်နေသူလေးကတော့ မင်းသမီးချောလေး ခြူးလေးပဲဖြစ်ပါတယ်။ သူမက စကားပြောဆိုပွင့်လင်းပြီး ရိုးသားဖြူစင်တာကြောင့် လူချစ်လူခင်ပေါများနေတာပဲဖြစ်ပါတယ်။ ဒါ့အပြင် သရုပ်ဆောင်ပီပြင်ပိုင်နိုင်လွန်းသူဖြစ်တာကြောင့် ပရိသတ်ရင်ထဲအချိန်တိုလေးအတွင်း ဝင်ရောက်နိုင်ခဲ့သူပဲဖြစ်ပါတယ်။ 

Photo Credit; Chue Chue's FB account

မကြာသေးမီက MRTV-4မှာ ပြသခဲ့တဲ့" နွေလယ်ညရဲ့ လမင်း" ဇာတ်ကားလေးထဲမှာလည်း ခြူးလေးက စိုးစန္ဒာဆိုတဲ့ ကာရိုက်တာကို ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်အားပေးမှုကို အခိုင်အမာရရှိခဲ့ပါသေးတယ်။ ခြူးလေးက လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ ဇာတ်လမ်းတွဲတွေရိုက်ကူးနေပြီး ၊ ကြော်ငြာတွေနဲ့ ဖိတ်ကြားထားတဲ့ ပွဲအခမ်းအနားတွေကိုတက်ရောက်နေတာပဲဖြစ်ပါတယ်။ သူမက အမြဲ သွက်သွက်လက်လက်နေထိုင်တက်တဲ့ပုံရိပ်လေးတွေကြောင့် ပရိသတ်က အမှတ်ရနေတာပဲဖြစ်ပါတယ်။ 

Photo Credit; Chue Chue's FB account
Photo Credit; Chue Chue's FB account

အခုလက်ရှိမှာလည်း မွေးနေ့ပွဲလေးကို ချောမောလှပစွာတက်ရောက်လာတဲ့ ပုံရိပ်လေးတွေကို သူမရဲ့ ဖေ့ဘွတ်စာမျက်နှာကနေ တင်ပေးလာတာပဲဖြစ်ပါတယ်။ အနီရောင် ဝတ်စုံလေးနဲ့ လူအများကြားထဲထင်ပေါ်နေတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီး ပြန်လည်ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။ ပရိသတ်ကြီးလည်း ခြူးလေးရဲ့ ပုံရိပ်လေးတွေကိုကြည့်ရင်း အချစ်ပိုမိမယ်ထင်ပါတယ်။ မွေးနေ့ပွဲက သူမရဲ့ ပုံရိပ်လေးတွေကိုကြည့်ရင်း အသည်းလေးတွေပေးခဲ့ဖို့ မမေ့ပါနဲ့အုန်းနော်......။

Photo Credit; Chue Chue's FB account
Photo Credit; Chue Chue's FB account
Photo Credit; Chue Chue's FB account

Photo Credit; Chue Chue's FB account

Source; Chue Chue's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။