ပရိသတ်အချစ်တော် မင်းသမီးချောခြူးလေးကတော့ ဟန်ဆောင်မှုတွေမရှိဘဲ စကားပြောပွင့်လင်းပြီး ချစ်စရာကောင်းသလို သရုပ်ဆောင်လည်းကောင်းသူလေးတစ်ယောက်မို့ ပရိသတ်တွေက သည်းသည်းလှုပ် ချစ်နေကြသူလေးပါ..။

ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ ချိုမြိန်ပြီးဆွဲဆောင်မှုရှိတဲ့ အပြုံးချိုချိုလေးတွေအပြင် ကျော့ရှင်းအေးချမ်းတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားတာကြောင့် ယောကျ်ားလေးပရိသတ် မိန်းကလေးပရိသတ်မရွေး အားလုံးက ချစ်ခင်အားပေးနေကြတာပါ..။


Photo Credit - Yell Lin Naing (My Studio)
Photo Credit - Chue Chue's FB Account

အနုပညာကို ဆက်တိုက်လုပ်ဆောင်နေတဲ့ ခြူးလေးကတော့ ဇာတ်လမ်းတွဲတွေအပြင် ဇာတ်ကားတွေလည်းဆက်တိုက်ရိုက်ကူးနေတာကာ သူမရဲ့ပျော်ရွှင်စရာ နိဗ္ဗာန်ဘုံလေးဟာ ဘာလဲဆိုတာကို ပြောပြလာပါတယ်..။

သရုပ်ဆောင်အနုပညာရှင်တစ်ယောက်ဖြစ်တာသူမို့ ဇာတ်ကောင်ကာရိုက်တာအတွက် လိုအပ်တဲ့ပစ္စည်းတွေအများကြီးရှိပြီး ဝယ်လို့ရတဲ့နေရာက သူမအတွက်တော့ ပျော်စရာ နိဗ္ဗာန်ဘုံလေးပါပဲဆိုပြီး ခြူးလေးက ပြောပြထားတာပါ..။


Photo Credit - Chue Chue's FB Account
Photo Credit - Chue Chue's FB Account

“ပုံမှန်ဆို ကိုယ့်စိတ်အပေါ်မူတည်ပြီး ဈေးကြီးတာဝယ်ရင်လည်းဝယ်မယ် နည်းနည်းခြွေတာပြီးတော့လည်း ဝယ်ရင်လည်းဝယ်မယ် ရုပ်ရှင်အတွက် အဝတ်အစားဝယ်တဲ့အခါ ရိုက်ရတဲ့ကာရိုက်တာအပေါ်မူတည်တယ်ပေါ့နော် ဇာတ်လမ်းနဲ့ပတ်သက်တဲ့ ကာရိုက်ကတော့ ထပ်လို့ မရဘူးလေ အဲ့တော့ အရမ်းချမ်းသာရတော့မယ်ဆိုရင်တော့ ရှိတဲ့လူကတကယ်ရှိသလိုကိုင်တာပေါ့ မရှိတဲ့လူကျတော့လည်း ရှိတဲ့ပုံစံမျိုးနဲ့ ဒီဇိုင်းကတူပြီး ကြည့်လိုက်တာနဲ့ Brand ဖြစ်စေမယ့်ဟာမျိုးကို စစ်စစ်ပေါက်ပေါက်ရှာရတာပေါ့နော် အဲ့တော့ကိုယ့်အတွက်က နိဗ္ဗာန်ကဘာလဲဆိုတော့ ကိုယ့်ကာရိုက်တာနဲ့လိုက်တဲ့ပစ္စည်းတွေ အများကြီးရှိတဲ့နေရာက ကိုယ့်အတွက် နိဗ္ဗာန်ပဲပေါ့နော် ..” ဆိုပြီး ပြောပြထားတာပါ..။

ဒီကနေ့လေးမှာတော့ ရယ်ရယ်မောမောလေးနဲ့ ပြောပြထားတဲ့ ချစ်ရတဲ့ပရိသတ်အသည်းကျော် ခြူးလေးရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Chue Chue's FB Account
Photo Credit - Chue Chue's FB Account

Photo Credit - Chue Chue's FB Account  & Yell Lin Naing (My Studio)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။