ခုဖော်ပြသွားမဲ့ဂိမ်းလေးကတော့ ဉာဏ်စမ်းဂိမ်းလေးတစ်ခုပဲဖြစ်ပါတယ်။ စုံထောက်တစ်ယောက်လိုပဲ ခေါင်းကို အသုံးပြုပြီး ကိစ္စတွေကို ဖြေရှင်းရမှာဖြစ်ပါတယ်။ ဆုတွေလဲရရှိထားတဲ့ ဂိမ်းတစ်ခုဖြစ်တာမို့ ဆော့ကစားရတာ ကောင်းတယ်လို့ ပြောစရာတောင်မလိုပါဘူး။ ဂိမ်းနာမည်ကတော့ ခေါင်းစဉ်မှာ ဖော်ပြထားတဲ့ Tiny Room ပဲဖြစ်ပါတယ်။ အဲ့နာမည်ပေးရတဲ့အကြောင်းအရင်းကိုလဲ ဂိမ်းဆော့ရင် သိရှိရပါလိမ့်မယ်။  

ဇာတ်လမ်းလေးကတော့ သင်ဟာ အလွတ်စုံထောက် တစ်ယောက်ဖြစ်ပါတယ်။ ဖခင်ရဲ့ပေးပို့လိုက်တဲ့စာကြောင့် မြို့ငယ်လေးတစ်ခုဖြစ်တဲ့ Redcliff ဆိုတဲ့နေရာကို ကူညီဖို့ရောက်ရှိလို့လာခဲ့ပါတယ်။ မြို့ရဲ့ထူးခြားတဲ့အကြောင်းအရာကတော့ မြို့ထဲမှာ ဘာမှမရှိတာပါပဲ။ သူရဲ့အဖေရော တခြားသူတွေရော ဘာဆိုဘာသက်ရှိမှ မရှိပါဘူး။ သူတို့တွေ ဘယ်ရောက်ကုန်တာလဲ ....ဒါတွေကို သင်ဖြေရှင်းရမှာဖြစ်ပါတယ်။  

မြို့ထဲမှာရှိတဲ့ လူတွေအကုန်ပျောက်သွားလောက်အောင် ဘာတွေဖြစ်ခဲ့တာလဲ ဆိုတာ မကစားပဲနဲ့တော့ သိရှိရမှာမဟုတ်ပါဘူး။ စိတ်ဝင်စားဖို့တော့ တော်တော်လေးကို ကောင်းပါတယ်။ ရိုးရှင်းတဲ့ ဉာဏ်စမ်းတွေကို ဖြေရှင်းရင် ကစားရတာ မပျင်းစေမဲ့ ဂိမ်းလေးပါ။ ဘာအင်တာနက်မှ မလိုပဲ free ကစားနိုင်တဲ့ ဂိမ်းကောင်းလေးတစ်ခုဖြစ်ပါတယ်။ ဂိမ်းကတော့ အပေါ်မှာ ပြောခဲ့သလိုပါပဲ Tiny Room ဆိုတဲ့ အခန်းငယ်လေးမှာ ဖြေရှင်းရမဲ့ ဂိမ်းလေးပါ။ 

သတင်းအရင်းမြစ် Devil Knight

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။