အဆိုတော် ၊သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ရဲလေး ကတော့ အဆိုပိုင်းမှာသာမက နှင်းဆီအငြိမ့်မှာလည်း ဟာသလူရွှင်တော်အဖြစ် ပရိသတ်တွေချစ်ခင်အားပေးမှုတွေရရှိထားတာပါ။

အဲ့လိုပဲ သူ့ရဲ့ ညီအရင်းဖြစ်တဲ့ အဆိုတော် ဝေယံထွန်းမင်း(ဂျိုကြီး) ကလည်း ဖေ့ဘုတ်မှာ ပရိသတ်တွေအကြိုက်် ဟာသဗီဒီယိုအပိုင်းအစလေးတွေကိုယ်တိုင်ရိုက်ပြီး တင်လေ့ရှိပါတယ်။

လက်တလောမှာတော့ သူတို့ညီအစ်ကိုနှစ်ဦး အတူ နောက်ပြောင်ကာသရုပ်ဆောင်ထားတဲ့ ဟာသဗီဒီယိုလေးက လူပြောများနေပါတယ်။

မေလ(၂၄)ရက်နေ့က တင်လိုက်တဲ့ အဲ့ဒီဗီဒီယိုလေးကို Happy Brothers Day အမှတ်တရ ညီအစ်ကိုနှစ်ယောက် ချစ်ချင်ခင်ခင်ရှိကြောင်း ပျော်စေပျက်စေနဲ့ တင်လိုက်တဲ့ပုံပါပဲ။ အခုလက်ရှိအချိန်ထိ ဝင်ရောက်ကြည့်ရှုသူ(၄)သောင်းကျော်နဲ့ ရှဲတဲ့သူ တွေလည်းများနေပါတယ်။

လူချစ်လူခင်များတဲ့ သူတို့ညီအစ်ကိုနှစ်ယောက် ဟာ ပရိသတ်တွေကိုပျော်ရွှင်အောင် တစ်ခါတစ်ရံ နှစ်ယောက်တွဲပြီး ဟာသလုပ်တတ်ပါသေးတယ်။

ကော်နီ ရဲ့ ကိုကိုချစ်သီချင်းလေးဆိုပြီး သူတို့ညီအစ်ကို ဘယ်လို ရယ်ရအောင်သရုပ်ဆောင်ထားလဲဆိုတာ ပရိသတ်ကြီး အောက်က ဗီဒီယိုလေးမှာ ကြည့်လိုက်ပါဦး။ 

သတင်းအရင်းမြစ် Yelay fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။