MPT Myanmar National League II 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-4) ပွဲစဉ်တစ်ပွဲအဖြစ် ယနေ့ ညနေ သုံးနာရီခွဲက ပဒုမ္မာကွင်းတွင် ယောမြေအသင်းနှင့် ငွေကြယ်ပွင့်လေးများအသင်းတို့ ကစားခဲ့ကြရာ ငွေကြယ်ပွင့်လေးများအသင်းမှ လေးဂိုး သုံးဂိုးဖြင့် အနိုင်ရခဲ့ပါတယ်။ပထမပိုင်းတွင် ငွေကြယ်ပွင့်အသင်းမှ အရန်ကစားသမားအများစုဖြင့် ပွဲထွက်လာပြီး ယောမြေအသင်းသည် ပုံမှန်ပွဲထွက်နေကြ ကစားသမားစာရင်းဖြင့် ပွဲထွက်ခဲ့ပါတယ်။

Photo Credit - Myanmar League Facebook page
Photo Credit - Myanmar League Facebook page

ပွဲချိန် ၁၁ မိနစ်တွင် ငွေကြယ်ပွင့်လေးများအသင်းမှ ဦးဆောင်ဂိုးရခဲ့ပြီး ချစ်လှအောင်က သွင်းယူပေးခဲ့ပါတယ်။ ပထမပိုင်းပြီးခါနီး ၄၂ မိနစ်နှင့် ၄၅ မိနစ်များတွင် ယောမြေအသင်းမှ ချေပဂိုးနှင့် ဦးဆောင် ဂိုးပြန်လည်ရခဲ့ပြီး တင်ထူးအောင်နှင့် စောအယ်တာတော်တို့က သွင်းယူပေးခဲ့ပါတယ်။ ပထမပိုင်းအပြီးတွင် ယောမြေအသင်းမှ နှစ်ဂိုး တစ်ဂိုးဖြင့် ဦးဆောင်ခဲ့ပြီး ဒုတိယပိုင်းပြန်အစတွင် ငွေကြယ်ပွင့်လေးများအသင်းမှ နှစ်ဦးလူစားလဲခဲ့ပြီး လူစားလဲခဲ့ပြီးနောက်ပိုင်းတွင် ငွေကြယ်ပွင့်လေး များအသင်းကစားပုံ ပထမပိုင်းထက် ပိုမိုကောင်းခဲ့ပါတယ်။ ပွဲချိန် ၅၂ မိနစ်တွင် ငွေကြယ်ပွင့်လေးများအသင်းမှ ချေပဂိုးရခဲ့ပြီး ရဲသီဟက သွင်းယူပေးခဲ့ပါတယ်။

Photo Credit - Myanmar League Facebook page
Photo Credit - Myanmar League Facebook page

ပွဲချိန် ၆၁ မိနစ်တွင် ငွေကြယ်ပွင့်လေးများအသင်းမှ တတိယဂိုးရခဲ့ပြီး ဥက္ကာစိုးမှ သွင်းယူပေး ခဲ့ပါတယ်။ ပွဲချိန် ၇၆ မိနစ်တွင် ယောမြေအသင်းမှ လူစားဝင်လာသည့် အောင်ကိုကိုထွန်းမှ ချေပဂိုး သွင်းယူပေးခဲ့သည့်အတွက် သုံးဂိုးစီ သရေကျနေခဲ့ပါတယ်။ သို့သော် ပွဲချိန် ၈၅ မိနစ်တွင် ငွေကြယ်ပွင့်လေးများအသင်းမှ စတုထ္ထဦးဆောင်ဂိုးရခဲ့ပြီး ဥက္ကာစိုးမှ ထပ်မံသွင်းယူပေးခဲ့ပါတယ်။ လက်ကျန်မိနစ်များတွင် ယောမြေအသင်းအနေဖြင့် ချေပဂိုး ပြန်လည်မရခဲ့သည့်အတွက် ငွေကြယ်ပွင့်လေးများအသင်းမှ လေးဂိုး သုံးဂိုးဖြင့် အနိုင်ရခဲ့ခြင်းလည်းဖြစ်ပါတယ်။

Photo Credit - Myanmar League Facebook page

Source - Myanmar National League Facebook page  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။