MRTV-4 မှ ထုတ်လွှင့်ပြသခဲ့တဲ့ မြန်မာရုပ်ရှင်ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိတ်သတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့ သူလေးကတော့ နန်းစန္ဒာလှထွန်း ပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး ကလေးဆန်တဲ့ ကာရိုက်တာလေးတွေနဲ့ အရမ်းကိုလိုက်ဖက်တဲ့ နန်းဟာဆိုရင် ပုရိသတွေရဲ့ အသည်းတွေကို ညို့ယူဖမ်းစားနိုင်သူလေးပဲ ဖြစ်ပါတယ်။ သူမဟာ ခေတ်ဆန်ဆန်ဝတ်စားရင်လည်း လိုက်ဖက်သလို မြန်မာဝတ်စုံလေးနဲ့ဆိုရင်လည်း တစ်မျိုးလေး ကျက်သရေရှိနေတာလည်းဖြစ်ပါတယ်။

Photo credit.Nan Sandar Hla Tun's FB
Photo credit.Nan Sandar Hla Tun's FB

နန်းစန္ဒာလှထွန်းဟာ အခုလက်ရှိ MRTV-4မှာ ပြသနေတဲ့ "ကျွန်တော်အမုန်းဆုံး ကျွန်တော်"ဇာတ်လမ်းတွဲလေးထဲမှာ ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ စကားပြောချိုသာပြီး ရိုးသားဖြူစင်လွန်းတဲ့ တိုင်းရင်းသူလေး ဖြစ်တာကြောင့် ပရိသတ်တွေကလည်းချစ်မဝဖြစ်နေကြတာပဲဖြစ်ပါတယ်။ အခုလက်ရှိမှာ နန်းလေးက ပုဂံကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။

Photo credit.Nan Sandar Hla Tun's FB
Photo credit.Nan Sandar Hla Tun's FB
Photo credit.Nan Sandar Hla Tun's FB

သူမက "ဟော့ဒီလက်ကိုဆွဲ သနပ်ခါးလိမ်းထားတဲ့ ပါးကိုနမ်းမယ့် ပိုင်ရှင် ဘယ်မလဲ "ဆိုတဲ့ Captionလေးနဲ့အတူ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို ဖေ့ဘွတ်စာမျက်နှာကနေ မျှဝေထါးတာလည်းဖြစ်ပါတယ်။ ချစ်စရာကောင်းလှတဲ့ မင်းသမီးချောလေး နန်းစန္ဒာလှထွန်းရဲ့ ပုံလေးတွေကို ချစ်ပရိသတ်ကြွး ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်...။

Photo credit.Nan Sandar Hla Tun's FB
Photo credit.Nan Sandar Hla Tun's FB
Photo credit.Nan Sandar Hla Tun's FB
Photo credit.Nan Sandar Hla Tun's FB
Photo credit.Nan Sandar Hla Tun's FB

Source & Photo credit.Nan Sandar Hla Tun's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။