ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပီပြင်တဲ့သရုပ်ဆောင်ပိုင်နိုင်မှုတွေနဲ့ ပရိသတ်တွေကို ရသအမျိုးမျိုးပေးစွမ်းနိုင်ခဲ့တဲ့ အနုပညာရှင်တွေထဲမှာ ဝါရင့်အနုပညာရှင်သရုပ်ဆောင်မင်းသမီးကြီး ဒေါ်ခင်မေသက်ကလည်း အပါအဝင်ပါပဲ..။

ဆယ်စုနှစ်တွေမက အနုပညာအလုပ်တွေလုပ်ဆောင်ခဲ့ကာ အသက်(၈၉)နှစ်ရှိပြီဖြစ်တဲ့ မင်းသမီးကြီး ဒေါ်ခင်မေသက်ကတော့ မကြာခင်အချိန်ကအထိ လည်ပင်းကင်ဆာခံစားခဲ့ရပြီး ပြီးခဲ့တဲ့ဖေဖော်ဝါရီ (၁၉) ရက်နေ့ကပဲ ကွယ်လွန်ဆုံးပါးသွားပြီ ဖြစ်ပါတယ်နော်..။

Photo Credit - Chit Chit Zaw's FB Account
Photo Credit - Chit Chit Zaw's FB Account

ဖေဖော်ဝါရီ(၁၉)ရက်နေ့ ည(၈:၀၅)အချိန်က ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး မိသားစုနဲ့အတူ ပရိသတ်တွေကလည်း သူတို့ချစ်ခင်ရတဲ့ အနုပညာရှင်တစ်ဦး ကွယ်လွန်သွားတဲ့အတွက် စိတ်မကောင်းဖြစ်နေကြပါတယ်နော်..။

မေမေကြီး ဒေါ်ခင်မေသက်ရဲ့ နောက်ဆုံးဈာပနအခမ်းအနားလေးကိုတော့ လာမယ့် ဖေဖော်ဝါရီ(၂၃)ရက် တနင်္ဂနွေနေ့ နေ့လည်(၂)နာရီအချိန်မှာ ရေဝေးသုဿာန်ကို ပို့ဆောင်မီးသဂြိုလ်ကာ ဈာပနာလေးကို ပြုလုပ်မှာပါ..။

Source & Photo Credit - Win Myaing's FB Account
Source & Photo Credit - Win Myaing's FB Account

ရည်စူးကုသိုလ်လေးဖြစ်တဲ့ ရက်လည်ဆွမ်းကျွေးအလှူကိုတော့ ဖေဖော်ဝါရီ(၂၅)ရက်နေ့ အင်္ဂါနေ့ မနက်(၇)နာရီအချိန်မှာ နေအိမ်မှာ ကျင်းပပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်..။

ဝါရင့်အနုပညာရှင်ဖြစ်တဲ့ မေမေကြီးဒေါ်ခင်မေသက် ကွယ်လွန်ဆုံးပါးသွားတဲ့အတွက် ပရိသတ်တွေနဲ့အတူ Myanmarload မှလည်း ဝမ်းနည်းစိတ်မကောင်းကာ အဖွားဒေါ်ခင်မေသက်တစ်ယောက် ကောင်းရာသုဂတိလားစေဖို့ ဆန္ဒပြုဆုတောင်းလိုက်ပါတယ်နော်..။

Source & Photo Credit - Win Myaing's FB Account

Source & Photo Credit - Win Myaing's FB Account & Chit Chit Zaw's FB Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။