ပရိသတ်ကြီးရေ အကယ်ဒမီမင်းသမီးချောလေးပိုင်ဖြိုးသုကတော့ သူမနဲ့အသက်အရွယ်ကွာတဲ့ခင်ပွန်းကောင်းတစ်ယောက်ကိုပိုင်ဆိုင်ထားပြီး ပျော်ရွှင်စရာအိမ်ထောင်ရေးလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။ပိုင်ဖြိုးသုရဲ့ချစ်ခင်ပွန်း ဒါရိုက်တာဏကြီးကလည်း အနုပညာသမားတစ်ယောက်ဖြစ်တာကြောင့် ဇနီးမောင်နှံနှစ်ယောက်ကတော့ စိတ်တူ၊ကိုယ်တူ၊ဝါသနာတူတဲ့ ချစ်စရာစုံတွဲလေးပါနော်။ပရိသတ်တွေကလည်း ပိုင်ဖြိုးသုတို့ဇနီးမောင်နှံနှစ်ယောက်ရဲ့ အနုပညာလှုပ်ရှားမှုတွေကို တစ်ခဲနက်အားပေးဝန်းရံကြပါတယ်။

Photo Credit:Paing Phyo Thu's Facebook Acc
Photo Credit:Paing Phyo Thu's Facebook Acc/RBV
Photo Credit:Paing Phyo Thu's Facebook Acc/RBV

ပိုင်ဖြိုးသုက ဒါရိုက်တာဏကြီးထက်ငယ်တာကြောင့် ချစ်ခင်ပွန်းအပေါ်မှာ ကလေးလေးတစ်ယောက်လိုဆိုးနွဲ့တတ်ပြီး ချစ်စရာကောင်းအောင်လည်းချွဲတတ်ပါသေးတယ်။ဏကြီးကတော့ ချစ်ဇနီးချောလေးကို အမြဲစိတ်ချမ်းသာအောင်ထားပေးပြီး ဂရုစိုက်စောင့်ရှောက်ပေးတဲ့ ခင်ပွန်းကောင်းတစ်ယောက်ဖြစ်လို့ မိန်းကလေးပရိသတ်တွေကဆိုရင် သုသုရဲ့အိမ်ထောင်ရေးလေးကိုအားကျနေရတာဖြစ်ပါတယ်။လက်ရှိမှာဆိုရင် သုသုတို့ဇနီးမောင်နှံနှစ်ယောက်ကတော့ အေးအတူပူအမျှနဲ့နေထိုင်ပြီး ပျော်ရွှင်သာယာနေကြတာပဲဖြစ်ပါတယ်နော်။

Photo Credit:Paing Phyo Thu's Facebook Acc
Photo Credit:Paing Phyo Thu's Facebook Acc

အခုဆိုရင်တော့ ပိုင်ဖြိုးသုနဲ့ဏကြီးတို့ ဇနီးမောင်နှံနှစ်ယောက်က ဝေးနေရတဲ့အချိန်လေးမှာ Video Call လေးပြောပြီး အလွမ်းသယ်နေကြတာဖြစ်ပါတယ်။ပိုင်ဖြိုးသုကတော့ ချစ်ခင်ပွန်းနဲ့ ကြည်ကြည်နူးနူးစကားလေးတွေပြောနေတဲ့အချိန်မှာ မျက်နှာလေးကပြုံးချိုနေပြီး အပြစ်ကင်းစင်တဲ့ကလေးလေးတစ်ယောက်လိုချစ်ဖို့ကောင်းနေတာဖြစ်ပါတယ်။တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြတဲ့ သုသုတို့ဇနီးမောင်နှံနှစ်ယောက်ရဲ့ ကြည်နူးစရာပုံရိပ်လေးကို ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Paing Phyo Thu's Facebook Acc
Photo Credit:Paing Phyo Thu's Facebook Myday

Source&Photo Credit:Paing Phyo Thu's Facebook Myday

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။