မင်းသမီးချောလေး သက်မွန်မြင့်ကတော့ ဆယ်စုနှစ်တစ်ခုတိုင်အောင် အောင်မြင်မှုများစွာနဲ့ အနုပညာလောကမှာရပ်တည်နေပြီး ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ သူလေးပဲဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ပါဝင်ရိုက်ကူးခဲ့ပြီး အကောင်းဆုံးသရုပ်ဆောင်မှုတွေကြောင့် အကယ်ဒမီဆုပေါင်းများစွာကိုလည်း ရယူသိမ်းပိုက်ထားနိုင်တဲ့ သူလည်းဖြစ်ပါတယ်။ ဒါ့အပြင် သက်မွန်မြင့်က သာယာပျော်ရွှင်ပြီး ကြည်နှုးစရာတွေနဲ့ပြည့်နေတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာကြောင့်လည်း ပရိသတ်တွေက အားကျချစ်ခင်နေကြတာပဲဖြစ်ပါတယ်။ 

Photo Credit; Thet Mon Myint's FB account

သူမရဲ့ အားလပ်ချိန်တိုင်းကိုလည်း သားနဲ့သမီးနဲ့အတူ အပန်းဖြေခရီးများလည်း မကြာခဏ သွားရောက်လည်ပတ်လေ့ရှိသူလည်း ဖြစ်ပါတယ်။ အားချစ်နဲ့လဝန်း ဟာလည်း ပညာရေးတွင် ထူးချွန်ရုံသာမကဘဲ လိမ္မာရေးခြားရှိလွန်းတာကြောင့်လည်း ချစ်သက်တို့ ဇနီးမောင်နှံနှစ်ယောက်လုံး ကြည်နူးနေရတာပါ။ သက်မွန်မြင့်က ချင်းတိုင်းရင်းသူလေးဖြစ်ပြီး စိတ်ထားလေးကလည်းဖြူစင်တာကြောင့် ပရိသတ်တွေက ချစ်ခင်နေကြတာပဲဖြစ်ပါတယ်။

Photo Credit; Thet Mon Myint's FB account

ဖေဖော်ဝါရီလ ၂၀ရက်နေ့မှာကျရောက်တဲ့ ချင်းအမျိုးသားနေ့ကို ချစ်သက်လေးက "ချင်းအမျိုးသားနေ့ဆိုတော့ တောင်ဇလပ်ပန်းရယ် ချင်းဝတ်စုံနဲ့ ရယ် အမှတ်တရပေါ့"စာသားလေးနဲ့အတူ တောင်ဇလပ်ပန်းလေးတွေနဲ့ ဓါတ်ဖမ်းထားတဲ့ ပုံလေးတွေရယ် ချင်းတိုင်းရင်းဝတ်စုံနဲ့ အကယ်ဒမီဆုလေးတွေကိုကိုင်ကာ ရိုက်ကူးထားတဲ့ပုံလေးတွေကို သူမရဲ့ ဖေ့ဘွတ်စာမျက်နှာကနေ တင်ပေးလာတာပဲဖြစ်ပါတယ်။ မင်းသမီးချောလေးဖြစ်တဲ့ သက်မွန်မြင်ရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်...။

Photo Credit; Thet Mon Myint's FB account
Photo Credit; Thet Mon Myint's FB account

Source; Thet Mon Myint's FB account

Photo Credit; Thet Mon Myint's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။