ချစ်စရာကောင်းတဲ့ သားနဲ့သမီးနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးတွေ ဖြတ်သန်းနေသူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းပဲ ဖြစ်ပါတယ်။ သူမဟာ အနုပညာအလုပ်တွေကို မလုပ်တော့ပဲ မိသားစုကိုသာ အချိန်ပေးဖြစ်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူတို့ မိသားစုပုံရိပ်လေးတွေကို ကြည့်ကာ ကြည်နူးအားကျနေတာလည်း ဖြစ်ပါတယ်။  

Photo Credit - Thinzar Nwe Win's Facebook Account
Photo Credit - Thinzar Nwe Win's Facebook Account
Photo Credit - Thinzar Nwe Win's Facebook Account

သဉ္ဇာဟာ သားနဲ့သမီးကို လိုလေသေးမရှိအောင် ပြုစုစောင့်ရှောက်တတ်တဲ့ မိခင်ကောင်း တစ်ဦးဖြစ်သလို ခင်ပွန်းသည်ကိုလည်း ဇနီးကောင်းတစ်ယောက် တာဝန်ကျေပွန်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် သားနဲ့သမီးရဲ့ လှုပ်ရှားမှုဗီဒီယိုလေးတွေ မကြာခဏ ဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။ အခုမှာလည်း ဗီဒီယိုလေးတွေနဲ့ ပုံရိပ်လေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။  

Photo Credit - Thinzar Nwe Win's Facebook Account
Photo Credit - Thinzar Nwe Win's Facebook Account
Photo Credit - Thinzar Nwe Win's Facebook Account

ဒါကတော့ ဖေဖေကိုယ်တိုင် တွန်းလှည်းလေးကို ကြိုးနဲ့ဆွဲကာ ဆော့ကစားပေးနေတာကြောင့် ပျော်ရွှင်နေတဲ့ Peach လေးရဲ့ ဗီဒီယိုလေးပဲ ဖြစ်ပါတယ်။ သဉ္ဇာကလည်း သမီးလေးကို ထိန်းပေးရင်းနဲ့ သူတို့ သားအဖနှစ်ယောက် ဆော့ကစားနေတာကို ဗီဒီယို ရိုက်ပေးထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက် ပါတယ်နော်။

Source and Photo Credit - Thinzar Nwe Win's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။