ခေတ်နဲ့သစ်ရဲ့ မေမေချောချောလေးတစ်ယောက်ဖြစ်တဲ့ ချစ်သုဝေကတော့ စိတ်ထားလေးနူးညံ့သိမ်မွေ့ပြီး သဘောကောင်းတဲ့သူလေးဖြစ်လို့ လူချစ်လူခင်ပေါများတဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ချစ်သုဝေက ဗီဒီယိုဇာတ်ကားတွေအများအပြားမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေကြိုက်နှစ်သက်ခဲ့ရတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်နော်။အခုနောက်ပိုင်းမှာတော့ ဇာတ်ကားတွေမရိုက်တော့ဘဲ သီချင်းတွေကိုသာကြိုးစားလုပ်ဆောင်နေပြီး ကြော်ငြာလေးတွေကိုသာရိုက်ကူးနေတာဖြစ်ပါတယ်။

Photo Credit:Li John Photography
Photo Credit:Li John Photography
Photo Credit:Li John Photography
Photo Credit:Li John Photography

ချစ်သုဝေက အမွှာသမီးလေးနှစ်ယောက်ကို မွေးဖွားပြီးနောက်ပိုင်းမှာတော့ သမီးလေးတွေကိုသာသေချာဂရုစိုက်စောင့်ရှောက်ပေးပြီး ကျန်းကျန်းမာမာ၊လှလှပပကြီးပြင်းလာအောင် ပြုစုပျိုးထောင်ပေးနေတာပဲဖြစ်ပါတယ်။ချစ်သုဝေက အရမ်းချစ်တတ်တဲ့ခင်ပွန်းကောင်းကိုလည်း ပိုင်ဆိုင်ထားတာကြောင့် သူမရဲ့မိသားစုဘဝလေးကတော့ သာယာနွေးထွေးပြီး မေတ္တာတရားတွေနဲ့ လွှမ်းခြုံထားတာဖြစ်ပါတယ်နော်။

Photo Credit:Li John Photography
Photo Credit:Li John Photography
Photo Credit:Li John Photography
Photo Credit:Li John Photography

မေမေချစ်သုဝေကလည်း သမီးနှစ်ယောက်မွေးဖွားပြီးတာတောင် အပျိုရှုံးအောင်လှပနုပျိုနေဆဲဖြစ်ပါတယ်။သွယ်လျလှပတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းလေးကလည်း ကလေးအမေလို့ထင်ရက်စရာမရှိလောက်ပါဘူးနော်။အခုဆိုရင်လည်း အမိုက်စားဒီဇိုင်းနဲ့ မြင်သူတကာငေးမောရလောက်အောင် လှပကျော့ရှင်းနေတာဖြစ်ပါတယ်။ပရိသတ်ကြီးလည်း မေမေချစ်သုဝေရဲ့အပျိုရှုံးလောက်တဲ့အလှတရားတွေကို တွေ့မြင်ရအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Li John Photography
Photo Credit:Li John Photography
Photo Credit:Li John Photography
Photo Credit:Li John Photography

Photo Credit:Li John Photography

Source:Chit Thu Wai's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။