ပရိသတ်ကြီးရေ မင်းသမီးချောလေး ရွှေပိုးအိမ် ကတော့ အနုပညာလောကမှာ နေရာတစ်ခုကို အခိုင်အမာရပ်တည်ထားနိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကိုလည်းရရှိထားတဲ့ မင်းသမီးချောလေးပဲတစ်ဦးဖြစ်ပါတယ်။ သူမ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေကလည်း အကောင်းဆုံး သရုပ်ဆောင်ထားနိုင်ခဲ့တာကိုလည်းတွေ့ရပါတယ်။ ပရိသတ်တွေက ချစ်စနိုး နဲ့ ရွှေပိုး လို့လည်းခေါ်ကြတဲ့ ရွှေပိုးအိမ် ကတော့ စိတ်သဘောထားပြည့်ဝပြီး လူမှုရေးအကျိုးပြု ပရဟိတ အလုပ်တွေကိုလည်း ကိုယ်ကျိုးမငဲ့ ပဲ လုပ်ကိုင်ပေးနေတဲ့ လေးစားဖွယ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ 

Photo Credit - Shwe Poe Eain Facebook Page
Photo Credit - Shwe Poe Eain Facebook Page

ချစ်စရာကောင်းတဲ့ ရွှေပိုးအိမ်က စစ်ကိုင်းမြို့ရဲ့ မုန့်ဈေးတန်းတစ်နေရာမှာ သွားရောက်လည်ပတ်ပြီး မြန်မာရိုးရာအစားစားတွေကို ကိုယ်တိုင်ကိုယ်ကျ စိတ်လွတ် ကိုယ်လွတ်လေ့လာရင်း ဓာတ်ဖမ်းထားတဲ့ အမှတ်တရပုံရိပ်လေးတွေကိုတင်ပေးလာခဲ့ပါတယ်။ ဒီပုံလေးတွေထဲမှာတော့ ရွှေပိုးအိမ်က မြန်မာရိုးရာအစားစားတွေ လုပ်ရောင်းနေတဲ့ နေရာတွေမှာ ကိုယ်တိုင်ကိုယ်ကျ ပျော်ပျော်ရွှင်ရွှင်နဲ့ မုန့်လုပ်ပြီး လေ့လာခဲ့တာကိုလည်းတွေ့ရပါတယ်။

Photo Credit - Shwe Poe Eain Facebook Page
Photo Credit - Shwe Poe Eain Facebook Page

ရွှေပိုးအိမ် ရဲ့ ပုံရိပ်လေးတွေကလည်း ရိုးရှင်ပြီး ပကာသနမပါတဲ့ စိတ်သဘောထားလေးတွေ ထင်ဟပ်စေခဲ့တာကိုတွေ့မြင်ရပါတယ်နော်….။ ဒါ့အပြင် စစ်ကိုင်း မုန့်ဈေးတန်းထဲမှာ ပျော်ရွှင်စွာနဲ့ သွားရောက်လည်ပတ်ခဲ့တာကို “စစ်ကိုင်းမုန့်ဈေးတန်းထဲ သွားမွှေခဲ့တယ်….မြန်မာမုန့်တွေလဲ သိပ်ကြိုက်တယ်…ငပိရည် နဲ့ တို့စရာနဲ့ ထမင်းနဲ့ နယ်ပြီး စားရတာကြိုက်တယ်” ဆိုပြီး သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာဖော်ပြပေးထားပါသေးတယ်။ ကဲ….ချစ်ပရိသတ်ကြီးရေ မင်းသမီးချောလေး ရွှေပိုးအိမ် လေးရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Shwe Poe Eain Facebook Page
Photo Credit - Shwe Poe Eain Facebook Page

Source & Photo Credit - Shwe Poe Eain Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။