အဆိုတော်၊ သရုပ်ဆောင် မင်းသားချော မင်းမော်ကွန်းကတော့ ပရိသတ်တွေစွဲစွဲမြဲမြဲနဲ့ ချစ်ခင်အားပေးရတဲ့ အနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ပဲ ဖြစ်ပါတယ်။ မင်းမော်ကွန်းက သရုပ်ဆောင်ကောင်းသလို အနုပညာအရည်အချင်းပြည့်ဝတာကြောင့်လည်း အကယ်ဒမီဆုကို ဆွတ်ခူးခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် မင်းမော်ကွန်းက အခုချိန်အထိ လူငယ်လေးတစ်ယောက်လို အရွယ်တင်နုပျိုနေသူလည်း ဖြစ်ပါတယ်။

Photo Credit-Kyaw Kyaw Htay Lwin's FB Acc
Photo Credit-Kyaw Kyaw Htay Lwin's FB Acc
Photo Credit-Kyaw Kyaw Htay Lwin's FB Acc

မင်းမော်ကွန်းအနေနဲ့ သားနှစ်ယောက်၊ သမီးတစ်ယောက်နဲ့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ချစ်ဇနီးနဲ့အတူ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဘဝကိုရိုးရိုးရှင်းရှင်း ဖြတ်သန်းနေတဲ့ မင်းမော်ကွန်းက သူတို့မိသားစုရဲ့အပျော်လေးတွေကို လူမှုကွန်ယက်မှာ မျှဝေပေးလေ့ရှိတာဖြစ်ပါတယ်။ အခုလည်း မင်းမော်ကွန်းက အငယ်ဆုံးသားလေးဖြစ်တဲ့ သားဘုန်းရဲ့ချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေကို တင်ထားပါတယ်။

Photo Credit-Kyaw Kyaw Htay Lwin's FB Acc
Photo Credit-Kyaw Kyaw Htay Lwin's FB Acc
Photo Credit-Kyaw Kyaw Htay Lwin's FB Acc
Photo Credit-Kyaw Kyaw Htay Lwin's FB Acc

မင်းမော်ကွန်းက " ပါပါးဓါတ်ပုံရိုက်ပေးတဲ့လေ " ဆိုပြီး ဖေဖေ့ကိုဓာတ်ပုံရိုက်ခိုင်းကာ ပို့စ်တွေအပီအပြင်ပေးနေတဲ့ သားဘုန်းရဲ့ပုံလေးတွေကို မျှဝေထားတာပဲ ဖြစ်ပါတယ်။ သားဘုန်းလေးကတော့ စတိုင်မျိုးစုံနဲ့ အိုက်တင်တွေလုပ်ပြထားတာကလည်း အရမ်းကိုချစ်ဖို့ကောင်းနေတာဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းမော်ကွန်းသားအငယ်ဆုံးလေးရဲ့ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit-Kyaw Kyaw Htay Lwin's FB Acc

Photo Credit-Kyaw Kyaw Htay Lwin's FB Acc
Photo Credit-Kyaw Kyaw Htay Lwin's FB Acc
Photo Credit-Kyaw Kyaw Htay Lwin's FB Acc
Photo Credit-Kyaw Kyaw Htay Lwin's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။