ကလေးဆန်တဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေကြောင့် ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကို ရရှိထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး မေတိုးခိုင်ပဲ ဖြစ်ပါတယ်။ သူမဟာ အဒေါ်ဖြစ်သူ အိန္ဒြာကျော်ဇင်နဲ့ ညီအစ်မတွေလို့ ထင်မှတ်ရလောက်အောင်ကို ရုပ်ချင်းဆင်တာလည်း ဖြစ်ပါတယ်။ မေတိုးခိုင်ဟာ အနုပညာလောကမှာ အချိန်တိုအတွင်း လူသိများလာတဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ 

Photo Credit - May . T. Khine's Facebook Page
Photo Credit - May . T. Khine's Facebook Page
Photo Credit - May . T. Khine's Facebook Page

သူမဟာ လတ်တလောမှာလည်း ကြော်ငြာလေးတွေ ရိုက်ကူးလျက်ရှိပြီး ပွဲအခမ်းအနားတွေကိုလည်း တက်ရောက်ပေးနေရတာလည်း ဖြစ်ပါတယ်။ မေတိုးခိုင်ဟာ မကြာခဏဆိုသလိုလည်း Tik Tok လေးတွေ ဆော့ကစားလေ့ ရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်။ အခုတစ်ခါမှာလည်း သူမရဲ့ Tik Tok Video လေးတွေကို ဝေမျှလိုက် ပြန်ပါပြီနော်။  

Photo Credit - May . T. Khine's Facebook Page
Photo Credit - May . T. Khine's Facebook Page
Photo Credit - May . T. Khine's Facebook Page

ဒါကတော့ ဖိုးဓီရဲ့ဆိုင်ကယ်လေးကိုစီးကာ အခွီ Tik Tok လေး ဆော့ကစားထားတဲ့ မေတိုးခိုင်ရဲ့ Video လေး ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူမရဲ့ ညီမဖြစ်သူနဲ့လည်း ချစ်စရာကောင်းတဲ့ Tik Tok လေးလည်း ဆော့ကစားထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် မေတိုးခိုင်ရဲ့ Tik Tok Video လေးတွေကို ကြည့်ရှုခံစားနိုင်အောင် တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Credit - May . T. Khine's Facebook Page  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။