ရန်ကုန်ယူနိုက်တက်အသင်း ကွင်းလယ်ကစားသမား အောင်ကျော်နိုင် က ပွဲစဉ်တိုင်းကို အကောင်းဆုံးရလဒ် ရရှိအောင် ယှဉ်ပြိုင်နေသည်ဟု ရှမ်းယူနိုက်တက်အသင်းနှင့် ပွဲမတိုင်မီတွင် ထုတ်ဖော်ပြောကြားခဲ့ပါတယ် ။ရန်ကုန်ယူနိုက်တက်အသင်းဟာ လာမည့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့၊ ညနေ ၃း၃၀ နာရီ၊ ရန်ကုန်ယူနိုက်တက်အိမ်ကွင်းတွင် ရှမ်းယူနိုက်တက်အသင်း နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်ပါတယ် ။ 

photo credit : Yangon United Football Club 's facebook page
photo credit : Yangon United Football Club 's facebook page

အောင်ကျော်နိုင် က “ဆောက်သမ်းအသင်းနဲ့ ပွဲစဉ်ပြီးကတည်းက ရှမ်းအသင်းနဲ့ပွဲအတွက်ကို တစ်သင်းလုံးပြင်ဆင်နေကြပါပြီ။ ကျွန်တော်တို့အသင်းက လက်ရှိ ပွဲကြပ်ကာလမှာဖြစ်နေပေမယ့် AFC ပွဲအတွက်ရော MNL ပွဲအတွက်ပါ တစ်ပွဲချင်းစီကို ပြင်ဆင်နေပါတယ်။ ဘယ်အသင်းနဲ့ ယှဉ်ပြိုင်ရပါစေ တစ်ပွဲချင်းစီကို အကောင်းဆုံးရလဒ်ရရှိအောင် ယှဉ်ပြိုင်နေပါတယ်။” ဟု ပြောကြားခဲ့ပါတယ်။ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစဉ် ၆ ပွဲယှဉ်ပြိုင်ကစားပြီးချိန်တွင် ၅ ပွဲနိုင်၊ ၁ ပွဲသရေ၊ ရမှတ် ၁၆ မှတ် နှင့် အဆင့် ၂ နေရာတွင် ရပ်တည်နေပြီး ရှမ်းယူနိုက်တက်အသင်းသည် ၆ ပွဲကစား၊ ၄ ပွဲနိုင်၊ ၂ ပွဲရှုံး၊ ရမှတ် ၁၂ မှတ်ဖြင့် အဆင့် ၄ နေရာတွင် ရပ်တည်လျက်ရှိပါတယ်။

photo credit : Yangon United Football Club 's facebook page
photo credit : Yangon United Football Club 's facebook page

“အလုပ်ပိုလုပ်တဲ့အသင်း ကြိုးစားမှုပိုကောင်းတဲ့အသင်းက အနိုင်ရရှိမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် ကွင်းထဲမှာ ရာနှုန်းပြည့်လုပ်အားနှုန်ူးနဲ့ ယှဉ်ပြိုင်သွားပါမယ်။ သူတို့အသင်းက လက်ရှိမှာ ထိပ်ဆုံးက အသင်းနဲ့ အမှတ်ကွာဟမှုရှိနေတဲ့အတွက် အမှတ်ကွာဟချက်ကျဉ်းမြောင်းအောင် အားထည့်ကြမှာဖြစ်သလို ကျွန်တော်တို့အသင်းအနေနဲ့လည်း အနိုင်ရမှ ချန်ပီယံလမ်းကြောင်းပေါ်မှာ ဆက်လက်ရပ်တည်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ တစ်ရာရာခိုင်နှုန်းအပြည့် ကြိုးစားယှဉ်ပြိုင်သွားမှာဖြစ်တဲ့အတွက် အကောင်းဆုံးရလဒ် ရရှိမယ်လို့ ယုံကြည်ပါတယ်။”လို့ပြောကြားထားခဲ့ပါတယ်။

source: Yangon United Football Club 's facebook page

photo credit : Yangon United Football Club 's facebook page
photo credit : Yangon United Football Club 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။