photo credit - liquipedia

Dota 2 players တွေရဲ့ အချစ်တော် Dendi ရဲ့အသင်းသစ် B8 မှာကစားနေတဲ့ core player pio65 ရဲ့နာမည်အရင်းကတော့ Alexandr Zalivako ပဲဖြစ်ပါတယ်။

Pio65 ရဲ့မိခင်နိုင်ငံကတော့ Belarus ဖြစ်ပြီး dota 2 pro ကစားသမားဖြစ်လာတာကတော့ 2017 ခုနှစ်လောက်ကပဲဖြစ်ပါတယ်။

ပထမဆုံးစတင်ကစားခဲ့တဲ့ Dota 2 team ကတော့ Nemiga Gaming ဖြစ်ပြီး 2017 ခုနှစ် 10 လပိုင်း 6 ရက်နေ့ကနေ 2017 ခုနှစ် 12 လပိုင်းအထိကစားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ pio65 မှာ The Brestomans ကိုပြောင်းရွှေ့ခဲ့ပြီး 2018 ခုနှစ် 8 လပိုင်း 15 ရက်နေ့ထိကစားပြီးနောက် ပြန်လည်ထွက်ခွာခဲ့ပါတယ်။

2018 ခုနှစ် 11 လပိုင်းမှာတော့ pio65 ဟာ Gentlemen ကိုပြောင်းရွှေ့ခဲ့ပြီး 2020 ခုနှစ် 1 လပိုင်း 13 ရက်နေ့ထိ ၎င်း team မှာကစားခဲ့ပါတယ်။

အဲ့ဒီနောက် 2020 ခုနှစ် 2 လပိုင်း 6 ရက်နေ့မှာတော့ pio65 ဟာ Dendi ကြီးရဲ့ ကမ်းလှမ်းမှုနဲ့အတူ B8 ကိုရောက်ရှိလာခဲ့ပြီး ယနေ့ထက်ထိ B8 မှာကစားနေဆဲပဲဖြစ်ပါတယ်။

Pio65 ဟာ B8 ကိုမပြောင်းရွှေ့မီ အခြားသော Dota 2 team တွေမှာတုန်းကတော့ Minor ပြိုင်ပွဲတော်တော်များများမှာ champion ဖြစ်ခဲ့ဖူးတဲ့ player တစ်ယောက်ဖြစ်ပြီး လက်ရှိ B8 မှာလည်း ဘာတွေလုပ်ပြနိုင်ဦးမလဲဆိုတာကတော့ စောင့်ကြည့်သွားရမှာပါပဲ။

source - liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။