photo credit - liquipedia

Virtus.pro အသင်းကနေ အငှားခေါ်ယူထားတဲ့ core player Cooman ရဲ့ နာမည်အရင်းကတော့ Zaur Shakhmurzaev ဖြစ်ပြီးသူဟာ Russia နိုင်ငံသားတစ်ဦးပဲဖြစ်ပါတယ်။

Birth date ကတော့ 1998 ခုနှစ် 8 လပိုင်း 12 ရက်နေ့ဖြစ်တာကြောင့် Cooman ဟာ အခုဆိုရင် အသက် 21 နှစ်ကျော်အရွယ်ရှိနေပြီပဲဖြစ်ပါတယ်။

သူ Dota 2 pro ကစားသမားဖြစ်လာတာကတော့ 2016 ခုနှစ် နှစ်ကုန်ပိုင်းလောက်ကဖြစ်ပြီး Digital Company မှာ စတင်ကစားခဲ့တာပဲဖြစ်ပါတယ်။

2017 ခုနှစ် 4 လပိုင်း 14 ရက်နေ့မှာတော့ Cooman ဟာ Thug Life မှာစတင်ကစားခဲ့ပြီး 2017 ခုနှစ် 5 လပိုင်း 23 ရက်နေ့မှာ Gambit Esports ကိုပြောင်းရွှေ့ခဲ့ပါတယ်။

Gambit Esports မှာကစားနေရင်းနဲ့ 2017 ခုနှစ် 12 လပိုင်း 19 ရက်နေ့မှတော့ Cooman ဟာ Effect ကို stand in အနေနဲ့ သွားရောက်ကစားခဲ့ပြီး 2018 ခုနှစ် 2 လပိုင်း 1 ရက်နေ့မှာ အပြီးပြောင်းရွှေ့ခဲ့ပါတယ်။

Effect မှာတော့ Cooman ဟာ 2018 ခုနှစ် 4 လပိုင်း 6 ရက်နေ့ထိသာကစားခဲ့ပြီး 18 ရက်နေ့မှာ Double Dimension ကိုပြောင်းရွှေ့ခဲ့ပါတယ်။

2018 ခုနှစ် 9 လပိုင်း 6 ရက်နေ့မှာတော့ Cooman မှာ Team Empire Faith ကိုပြောင်းရွှေ့ခဲ့ပြီး 2018 ခုနှစ် 12 လပိုင်း 26 ရက်နေ့မှာ Team Empire Hope ကိုပြောင်းရွှေ့ခဲ့ပါတယ်။

2019 ခုနှစ် 1 လပိုင်း 15 ရက်နေ့မှာတော့ Team Empire ကိုပြောင်းရွှေ့ခဲ့ပြီး 2019 ခုနှစ် 5 လပိုင်း 15 ရက်နေ့မှာ Winstrike Team ကိုပြောင်းရွှေ့ခဲ့ပါတယ်။

Winstrike Team မှာတော့ Cooman ဟာ 2019 ခုနှစ် 11 လပိုင်း 28 ရက်နေ့ထိကစားပြီးနောက် inactive လုပ်သွားခဲ့ပါတယ်။

2020 ခုနှစ် 2 လပိုင်း 3 ရက်နေ့မှာတော့ Cooman မှာ Virtus.pro ရဲ့ ကမ်းလှမ်းမှုကြောင့် stand in players အဖြစ်ဝင်ရောက်ကစားခဲ့ပြီး လက်ရှိအချိန်ထိ Virtus.pro အသင်းမှာ ကစားနေဆဲပဲဖြစ်ပါတယ်။

source - liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။