နိုင်ငံကျော်ဘောလုံးသမားအောင်သူနဲ့ မင်းသမီးချောလေးပိုးအိအိခန့်တို့မိသားစုလေးကို ပရိတ်သတ်ကြီးအားလုံးသိကြမယ်ထင်ပါတယ်နော်။ သူတို့နှစ်ဦးဟာ သာယာချမ်းမြေ့ဖွယ်မိသားစုဘဝလေးကို တည်ထောင်ထားကြတာဖြစ်ပြီး ချစ်စရာသားငယ်လေးကိုလည်းပိုင်ဆိုင်နေပြီပဲဖြစ်ပါတယ်။ ပါးဖောင်းဖောင်းလေးနဲ့ လုံးကစ်ကစ်လေးချစ်စရာကောင်းနေတဲ့ အောင်သူနဲ့ပိုးအိအိခန့်တို့ရဲ့သားလေးသဲကိုးဟာ အသက်(၇)လကျော်ရှိနေပြီဖြစ်ပါတယ်။


Photo Credit-Poe Ei Ei Khant's Facebook acc
Photo Credit-Poe Ei Ei Khant's Facebook acc

ပိုးအိအိခန့်ဟာ မကြာသေးမီကသူမရဲ့facebookစာမျက်နှာတွင် " မေမေgood nightပြောချင်နေပေမယ့်သားသားကတော့ မအိပ်သေးပါဘူးဗျာ"ဆိုတဲ့captionလေးနဲ့ သားငယ်လေးသဲကိုးရဲ့ပုံလေးတွေနဲ့ ဗီဒီယိုဖိုင်လေးနဲ့ကိုတင်ပေးလာပါတယ်။ သဲကိုးလေးဟာ မေမေချော့သိပ်နေသော်လည်းမအိပ်သေးပဲ မျက်လုံးအပြူးသားလေးနဲ့ မေ့မေ့ကိုပြုံးပြနေရင်းပျော်ရွှင်နေတာဖြစ်ပါတယ်။


Photo Credit-Poe Ei Ei Khant's Facebook acc
Photo Credit-Poe Ei Ei Khant's Facebook acc

ပိုးအိအိခန့်ဟာ အနုပညာလုပ်ငန်းတွေကို ခဏရပ်ထားပြီး မိသားစုကိုပဲအချိန်အပြည့်အဝပေးကာဂရုစိုက်စောင့်ရှောက်နေတာဖြစ်ပါတယ်။ ပရိတ်သတ်ကြီးရော အောင်သူနဲ့ပိုးအိအိခန့်တို့မိသားစုလေးကို ချစ်ကြတယ်မလား။ ချစ်စရာကောင်းနေတဲ့ သဲကိုးလေးရဲ့ပုံရိပ်တွေကို ပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Poe Ei Ei Khant's Facebook acc
Photo Credit-Poe Ei Ei Khant's Facebook acc

Source-Poe Ei Ei Khant's Facebook acc

Photo Credit-Poe Ei Ei Khant's Facebook acc

Video Credit-Poe Ei Ei Khant's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။