အနုပညာလောကထဲကို ဖခင်ဦးခင်လှိုင် ရဲ့လက်တွဲခေါ်ယူမှုနဲ့ ဇာတ်ကားတွေကို ကြိုးစားပမ်းစား လုပ်ကိုင်နေသူကတော့ သရုပ်ဆောင် မင်းသားချောလေး နေရဲပဲ ဖြစ်ပါတယ်။ သူရဲ့ တည်ကြည်တဲ့ ပုံရိပ်လေးတွေကို နှုတ်ခမ်းနီမလေးတွေက ကြွေနေရတာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာကြေးတွေနဲ့ မိဘနှစ်ပါးကို ပြုစုလုပ်ကျွေးတဲ့ သားလိမ္မာတစ်ယောက်လည်း ဖြစ်ပါတယ်။  

Photo Credit - Nay Ye's Facebook Account
Photo Credit - Nay Ye's Facebook Account
Photo Credit - Nay Ye's Facebook Account

ဦးခင်လှိုင်ကလည်း သားနဲ့သမီးတို့ရဲ့ သိတတ်လိမ္မာမှုတွေကို ကြည့်ကာ ပီတိဖြစ်နေရတာလည်း ဖြစ်ပါတယ်။ နေရဲဟာ လတ်တလောမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားကို ပိုင်တံခွန် ၊ ဝတ်မှုံရွှေရည် တို့နဲ့ အတူ ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မကြာသေးခင်ကလည်း ဖခင်ရှုတင် ရိုက်ကူးရာ ချောင်းသာကမ်းခြေကို မိသားစုနဲ့အတူ သွားရောက် လည်ပတ်ခဲ့တာလည်း ဖြစ်ပါတယ်။ 

Photo Credit - Nay Ye's Facebook Account
Photo Credit - Min Khant Ko's Tik Tok Account and Nay Ye's Facebook Account
Photo Credit - Min Khant Ko's Tik Tok Account and Nay Ye's Facebook Account

မကြာခင်မှာလည်း သူပါဝင်ထားတဲံ ဇာတ်ကားတွေ ပရိသတ်တွေ ကြည့်ရှုအားပေးရတော့မှာဘဲ ဖြစ်ပါတယ်။ အခုတစ်ခါမှာလည်း သူ့ရဲ့ အခွီ Tik Tok Video လေးကို ဝေမျှလိုက် ပြန်ပြီပဲ ဖြစ်ပါတယ်။ ဒါကတော့ ဖခင်ဦးခင်လှိုင်သရုပ်ဆောင်ထားတဲ့ မိန်းမလျာဇာတ်ရုပ်ကိုပီပြင်အောင်ပြန်လည်သရုပ်ဆောင်ထားတဲ့ နေရဲရဲ့ အခွီ Tik Tok Video လေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဒီ ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source and Photo Credit - Min Khant Ko's Tik Tok Account and Nay Ye's Facebook Account  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။