ယနေ့ခေတ် သန်းကြွယ်သူဌေးထဲမှာ အောင်မြင်ကျော်ကြားတဲ့ ကမ္ဘာကျော် အနုပညာရှင်တွေ၊ အားကစားသမားတွေလည်း ပါဝင်ပါတယ်။ အဲဒီထဲက အများစုဟာ ယနေ့လို အောင်မြင်ကျော်ကြားပြီး ငွေကြေးချမ်းသာလာဖို့ ကိုယ့်ဒူးကိုယ်ချွန် ကြိုးစားခဲ့ကြရတာဖြစ်ပါတယ်။ တစ်ချို့တွေကတော့ သူတို့ရဲ့ မူရင်းအသက်မွေးဝမ်းကျောင်းအလုပ်တွေဖြစ်တဲ့ သရုပ်ဆောင်၊ အားကစားအလုပ်တွေအပြင် အခြားဝင်ငွေတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေကြောင့် ချမ်းသာမှုကို တိုးပွားအောင် လုပ်နိုင်ခဲ့ကြပါတယ်။ အဲဒီထဲမှာ ဘောလိဝုဒ်ကြယ်ပွင့်

မင်းသားကြီး ရှာရွတ်ခန်းလည်း အပါအဝင်ဖြစ်ပါတယ်။ သူငွေဘယ်လို ရှာသလဲ၊ ရလာတဲ့ငွေကို တိုးပွားအောင် ဘယ်လုပ်ငန်းတွေတိုးချဲ့သလဲ ဘယ်လိုပြန်လည် အသုံးချသလဲဆိုတာကို စီးပွားရှင်မီဒီယာမှ တစ်ဆင့်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

ကိုယ့်ဒူးကိုယ်ချွန် ကြယ်ပွင့်

အိန္ဒိယမှာ လူကြိုက်အများဆုံးမင်းသားဆိုတဲ့ဂုဏ်ပုဒ်ကို ရှာရွတ်ခန်က အချိန်အကြာဆုံး သိမ်းပိုက်ထားပါတယ်။ သူဟာ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး မင်းသားတစ်ယောက်တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ Fauji လို့ခေါ်တဲ့ TV စီးရီးမှာ ပထမဆုံး သရုပ်ဆောင်ခဲ့စဉ်က သူ့ရဲ့ လစာက ရူပီး ၅၀ ဖြစ်ပါတယ်။ အဲဒီ ရုပ်သံဇာတ်လမ်းတွဲကို ၁၉၈၇ ခုနှစ်မှာ ထုတ်လွင့်ပြသခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ၁၉၈၈ ခုနှစ်ကစပြီး SRK (ရှာရွန်ခန်ရဲ့ အတိုကောက်အမည်) ဟာ ဆက်တိုက်နာမည်ရလာခဲ့ပြီး ရုပ်ရှင်နယ်ပယ်ရဲ့ ဘုရင်တစ်ပါးဖြစ်လာခဲ့ပါတော့တယ်။ ပြီးခဲ့တဲ့နှစ်က SRK ဟာ ကမ္ဘာပေါ်မှာ သရုပ်ကြေးအများဆုံးရတဲ့ နံပါတ် ၈ ယောက်မြောက် မင်သားဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ သရုပ်ဆောင်ကြေးကတော့ တစ်ကားကို ဒေါ်လာ ၃၃ သန်းဖြစ်ပါတယ်။

ရှာရွတ်ခန်း ငွေဘယ်လိုရှာပြီး ဘယ်လိုသုံးသလဲဆိုတာ လေ့လာကြည့်ရအောင်။

အိန္ဒိယ ခရစ်ကတ်အသင်း Kolkata Knight Riders (KKR)

ရှာရွတ်ခန်းဟာ အိန္ဒိယ ခရစ်ကတ်အသင်း Kolkata Knight Riders (KKR) ရဲ့ ပူးတွဲပိုင်ရှင်ဖြစ်ပြီး ရှယ်ယာ ၅၅ ရာခိုင်နှုန်း ပိုင်ဆိုင်ပါတယ်။ အဲဒီ ခရစ်ကတ်အသင်းရဲ့ မိခင်ကုမ္ပဏီကတော့ ရှာရွတ်ခန်ပိုင်ဆိုင်တဲ့ Red Chillies Entertainment ဖြစ်ပါတယ်။ သူတို့အသင်းဟာ အိန္ဒိယ ပရီးမီးယားလိဂ် ခရစ်ကတ်ပြိုင်ပွဲမှာ ၂၀၁၂ နဲ့ ၂၀၁၄ ခုနှစ်တွေမှာ ဗိုလ်စွဲခဲ့ပါတယ်။ ဒါ့အပြင်သူဟာ မက္ကဆီကို ပညာပေးဖျော်ဖြေရေး လုပ်ငန်း Kidzania မှာလည်း ဝင်ရောက်ရင်းနှီးမြှုပ်နှံထားပါတယ်။

Red Chillies Entertainment

ဒါကလည်း SRK ပိုင်ဆိုင်တဲ့ ဖျော်ဖြေရေးလုပ်ငန်းတစ်ခုဖြစ်ပါတယ်။ အဲဒီလုပ်ငန်းဟာ အဓိကအားဖြင့် ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ရုပ်ရှင်ရိုက်ကူးရေး၊ ရုပ်သံအထူးပြုလုပ်ချက်တွေကို လုပ်ပါတယ်။ ရုပ်ရှင်ထုတ်လုပ်ရေးကို ၂၀၀၂ ခုနှစ်မှာ စတင်ခဲ့ပြီး အောင်မြင်တဲ့ ရုပ်ရှင်အများအပြား ရိုက်ကူးထုတ်လုပ်ခဲ့ပါတယ်။ အဲဒီလုပ်ငန်းရဲ့ နှစ်စဉ်ဝင်ငွေက ရူပီး ၅ ဘီလီယံ ဖြစ်ပါတယ်။

Red Chilles VFX ဟာ အိန္ဒိယရဲ့ အကြီးဆုံး ရုပ်သံအထူးပြုလုပ်မှု စတူဒီယိုတွေထဲက တစ်ခုဖြစ်ပါတယ်။ Ra.One နဲ့ Krrish 3 တို့ရဲ့ ရုပ်သံအထူးပြုလုပ်ချက်တွေကို အဲဒီစတူဒီယိုက ပြုလုပ်ခဲ့တဲ့ အောင်မြင်တဲ့ နာမည်ကြီး ရုပ်ရှင်ကားတွေ ဖြစ်ပါတယ်။

တစ်ကယ့်စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်

၂၀၁၅ ခုနှစ်က အစီရင်ခံစာအရ ရှာရွတ်ခန်းရဲ့ ချမ်းသာမှုဟာ ဒေါ်လာ သန်း ၆၀၀ ရှိပါတယ်။ ရုပ်ရှင်ကားတွေကရတဲ့ သရုပ်ဆောင်ကြေးအပါအဝင် သူ့ရဲ့ ဝင်ငွေက တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၇၂,၇၂၇,၀၀၀ (၇၂ သန်းကျော်) ရှိပါတယ်။ သူဟာ ရုပ်ရှင်တစ်ကားကို အိန္ဒိယရူပီး သန်း၂၀၀ မှ ၂၅၀ ကြား ရပါတယ်။

ကုန်အမှတ်တံဆိပ်များ ကိုယ်စားလှယ်

ရှာရွတ်ခန်းဟာ အိန္ဒိယနိုင်ငံရဲ့ လူသုံးကုန်၊ အဖျော်ယမကာနဲ့ ကားအမှတ်တံဆိပ်များစွာတို့ရဲ့ ကိုယ်စားလှယ်လည်း ဖြစ်ပါတယ်။ သူဟာ အဲဒီလုပ်ငန်းတွေကနေ စပွန်စာကြေးအနေနဲ့ နှစ်စဉ် ဒေါ်လာ ၁၈,၇၅၀,၀၀၀ (၁၈ သန်းကျော်) ရနေပါတယ်။

သူပိုင်တဲ့ ကားတွေ

ရှာရွက်ခန်းပိုင်ဆိုင်ထားတဲ့ကားတွေကတော့ BMW 7 Series၊ BMW 6 series convertible၊ Audi A6၊ Rolls Royce Phantom Drophead Coupe၊ Bentley Continental GT နဲ့ Land Cruiser တို့ပဲဖြစ်ပါတယ်။

Source : စီးပွားရှင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။