G Fattကတော့ အမိုက်စားတေးသီချင်းတွေနဲ့ ပရိတ်သတ်တွေရဲ့ရင်ထဲကို တိုးဝင်နေရာယူလာတဲ့ တေးသံရှင်တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ တေးသီချင်းစာသားတွေကလည်း ပရိတ်သတ်ရဲ့ခံစားချက်နဲ့ ထပ်တူညီလို့ အချိန်ခဏလေးနဲ့ အောင်မြင်ခဲ့ပါတယ်နော်။

ပရိသတ်ကြီးရေ လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်နေတဲ့ အဆိုတော်G Fatt ကတော့ တေးသီချင်းတွေကိုကိုယ်တိုင်ရေး ကိုယ်တိုင်သီဆိုကာ အနုပညာလမ်းကြောင်းပေါ်ခြေချခဲ့တာပဲဖြစ်ပါတယ်။

Photo Credit; Wink Photography

G Fatt ကတော့ မိန်းကလေးပရိသတ်တွေလည်းအများအပြားရှိသလို အရမ်းတော်ကီကြွယ်တဲ့သူတစ်ယောက်ဖြစ်လို့ သီချင်းစာသားလေးတွေကလည်း အနုအရွလေးတွေနဲ့ ကြည်နူးဖို့ကောင်းပါတယ်နော်။ G Fatt ကတော့ အခုချိန်မှာဆိုရင် အနုပညာလောကမှာ ပရိသတ်တွေအားပေးချစ်ခင်ရတဲ့ အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်နေပါပြီနော်။ သူရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ ဖိတ်ကြားထားတဲ့ ပွဲအခမ်းအနားတွေတက်ရောက်နေပြီး ၊ ကြော်ငြာတွေကိုလည်း လက်ခံရိုက်ကူးနေတာပဲဖြစ်ပါတယ်။

Photo Credit; Wink Photography
Photo Credit; Wink Photography

အခုလက်ရှိမှာလည်း အဆိုတော်G Fattက "အကို က အဝါရောင် ကိုချစ်တယ်

ပြီးတော့ မင်းကို ချစ်တယ် နှစ်ခုစလုံးက အကို့အတွက် မျက်စိအေးစေတယ်"ဆိုတဲ့ စာသားလေးနဲ့အတူ သူရဲ့ အမိုက်စားပုံရိပ်လေးတွေကို ဖေ့ဘွတ်စာမျက်နှာကနေ တင်ထားတာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်ကြီးအတွက် အဆိုတော်G Fatt ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်...။

Photo Credit; Wink Photography

Photo Credit; Wink Photography

Source; G Fatt's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။