ပရိသတ်ကြီးရေ အကယ်ဒမီလူမင်းကတော့ သားတစ်ယောက်၊သမီးတစ်ယောက်ကိုပိုင်ဆိုင်ထားပြီး ပါရမီဖြည့်ပေးတဲ့ဇနီးကောင်းလေးလည်းရှိတာကြောင့် သာယာနွေးထွေးတဲ့မိသားစုဘဝလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်နော်။လူမင်းက လက်ရှိမှာလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာဖြစ်ပြီး အနုပညာလောကမှာဝါရင့်အနုပညာရှင်ကြီးတစ်ယောက်အဖြစ်ရပ်တည်နေကာ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေကိုလည်း ရရှိနေဆဲဖြစ်ပါတယ်။

Photo Credit:Ayarwady Lu Min's Facebook Account
Photo Credit:Ayarwady Lu Min's Facebook Account
Photo Credit:Ayarwady Lu Min's Facebook Account

လူမင်းရဲ့ချစ်ဇနီးချောလေး ခင်စံပယ်ဦးကလည်း ချစ်ခင်ပွန်းရဲ့အနုပညာအလုပ်တွေကို နားလည်မှုအပြည့်အဝပေးပြီး တစ်ဖက်တစ်လမ်းကနေကူညီဖေးမပေးပါတယ်နော်။ကုသိုလ်အရေးဆိုလည်း လက်မနှေးတဲ့ခင်စံပယ်ဦးတို့မိသားစုက သောကြာနေ့တိုင်း အာရုံဆွမ်းလောင်းလှူကြပြီး ဒီနေ့ဆိုရင်(၃၃)ကြိမ်မြောက်တောင်ရှိနေပြီဖြစ်ပါတယ်။မကြာသေးခင်ရက်ပိုင်းမှာဆိုရင်တော့ ခင်စံပယ်ဦးရဲ့ဖခင်ဖြစ်သူက ဘဝတစ်ပါးသို့ပြောင်းရွှေ့ကွယ်လွန်သွားတဲ့အတွက်ကြောင့် ပရိသတ်တွေလည်းထပ်တူဝမ်းနည်းခဲ့ရတာဖြစ်ပါတယ်။

Photo Credit:Ayarwady Lu Min's Facebook Account
Photo Credit:Ayarwady Lu Min's Facebook Account
Photo Credit:Ayarwady Lu Min's Facebook Account

လူမင်းနဲ့ခင်စံပယ်ဦးတို့မိသားစုကတော့ ဖခင်အတွက်ရည်စူးပြီး ဂမုန်းပေါင်းဆရာတော်ကြီးထံမှာ သင်္ကန်းကပ်လှူခဲ့သလို ဒီနေ့မနက်အစောပိုင်းမှာလည်း အာရုံဆွမ်းလောင်းလှူခဲ့ကြတာဖြစ်ပါတယ်။အခုဆိုရင်တော့ လူမင်းရဲ့ချစ်ဇနီးချောလေး ခင်စံပယ်ဦးက "အဖေလို့ ခေါ်စရာ အဖေမရှိတော့ဘူး"ဆိုပြီး ရေးသားထားကာ ဖေဖေနဲ့ပျော်ရွှင်ခဲ့ရတဲ့ အမှတ်တရပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာမှာ မျှဝေလာခဲ့တာဖြစ်ပါတယ်နော်။

Photo Credit:Ayarwady Lu Min's Facebook Account
Photo Credit:Ayarwady Lu Min's Facebook Account
Photo Credit:Ayarwady Lu Min's Facebook Account

Source&Photo Credit:Ayarwady Lu Min's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။