ရုပ်ရှင်သရုပ်ဆောင် မင်းသားကြီးလွင်မိုးကတော့ ယွန်းဝတီလွင်မိုးနဲ့ ယွန်းနဒီလွင်မိုးဆိုတဲ့ သမီးချောလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ သမီးကြီးဖြစ်တဲ့ ယွန်းဝတီလွင်မိုးကတော့ အိမ်ထောင်ကျပြီး ချစ်စရာကောင်းတဲ့သားလေးတစ်ယောက်ကိုတောင် မွေးဖွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အခုဆိုရင် ယွန်းဝတီလွင်မိုးတို့မိသားစုလေးက သိုက်သိုက်ဝန်းဝန်းနဲ့ တကယ့်ကိုပျော်ရွှင်စရာကောင်းတာကြောင့် အားလုံးကအားကျနေရတာ ဖြစ်ပါတယ်။

Photo Credit-Yun Waddy Lwin Moe's FB Page
Photo Credit-Yun Waddy Lwin Moe's FB Page
Photo Credit-Yun Waddy Lwin Moe's FB Page

ယွန်းဝတီလွင်မိုးကတော့ ပညာရေးနဲ့ အနုပညာအလုပ်တွေကို အာရုံစိုက်ပြီးလုပ်ကိုင်နေသလို သားလေးကိုလည်း ဂရုစိုက်ပေးနေတာ ဖြစ်ပါတယ်။ ကလေးတစ်ယောက်အမေဖြစ်သွားတဲ့ ယွန်းဝတီလွင်မိုးက အပျိုတုန်းကအတိုင်း သွယ်လျလှပတဲ့ Body လေးကို ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ပါတယ်။ အခုလည်း ယွန်းဝတီလွင်မိုးက ငပလီကမ်းခြေကို အပန်းဖြေခရီးထွက်ရင်း အရမ်းကိုပျော်ရွှင်နေတဲ့ဗီဒီယိုလေးကို မျှဝေထားပါတယ်။

Photo Credit-Yun Waddy Lwin Moe's FB Page
Photo Credit-Yun Waddy Lwin Moe's FB Page
Photo Credit-Yunwaddy's IG Acc

ယွန်းဝတီလွင်မိုးက ညီမလေးနဲ့အတူ ပင်လယ်ထဲမှာဘုတ်ပြားစီးကာ လျှောက်လည်နေရင်း ချစ်စရာကောင်းတဲ့ဗီဒီယိုလေးကို ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ရေကူးဝတ်စုံလေးနဲ့ဆွဲဆောင်မှုရှိစွာလှပနေတဲ့ ယွန်းဝတီလွင်မိုးက နေရောင်အောက်မှာ အသားအရေလေးတွေကလည်း ဝင်းလက်တောက်ပနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ချစ်စရာကောင်းတဲ့ခေးလေး ယွန်းဝတီလွင်မိုးရဲ့ချစ်စရာဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-Yunwlm's Tik Tok Acc 

Photo Credit-Yunwaddy's IG Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။