ပရိသတ်ကြီးရေ ခန္ဓာကိုယ်ကောက်ကြောင်းအမိုက်စားလေးနဲ့ မြင်သူတိုင်းကြွေလောက်တဲ့ အလှမျိုးကိုပိုင်ဆိုင်ထားပြီး အနုပညာလောကမှာအောင်မြင်မှုများစွာနဲ့ ရပ်တည်နေသူလေးကတော့ မင်းသမီးချောလေး ဆုအိမ်စံပဲဖြစ်ပါတယ်။ သူမက သီချင်းMTVတွေရိုက်ကူးရင်း အနုပညာလောကထဲကို ဝင်ရောက်လာခဲ့သူလည်းဖြစ်ပါတယ်။ အခုလက်ရှိမှာ သူမက ရုပ်ရှင်ဇာတ်ကားများစွာနဲ့ ကြော်ငြာတွေကို လက်ခံရိုက်ကူးနေရတာလည်းဖြစ်ပါတယ်။

Photo Credit; Hsu Eaint San's FB account

ခရီးတွေမကြာခဏထွက်တက်တဲ့သူမက အခုလက်ရှိမှာလည်း နယ်ဘက်ကိုရောက်ရှိနေတာလည်းဖြစ်ပါတယ်။ အေးချမ်းတဲ့ ရာသီဖြစ်လို့ လှပတဲ့အနွေးထည်လေးကိုဝတ်ကာ ဓါတ်ဖမ်းထားတဲ့ ပုံလေးတွေကလည်း တကယ်ကို အမိုက်စားပါနော်။ ဒါ့အပြင် ဆုအိမ်စံက

"တကယ်တော့လောကကြီးမှာ ဥစ္စာရှိဖို့ ပညာရှိဖို့ ရုပ်ရည်ချောမောဖို့ထက် ကိုယ်ချင်းစာတရားရှိဖို့က အရေးကြီးဆုံးပါ.. ဥပမာ-သူ့နေရာမှာ ငါ... သာဆိုရင်..."ဆိုတဲ့ စာသားလေးကိုလည်း ဖေ့ဘွတ်စာမျက်နှာကနေ မျှဝေပေးထားပါသေးတယ်။

Photo Credit; Hsu Eaint San's FB account

သူမရေးသားထားတဲ့ စာသားလေးက တကယ်ကို ရင်ထဲထိပါတယ်နော်...။ သူရဲ့ပုံရိပ်လေးတွေကိုအမြဲအားပေးနေတဲ့ချစ်ပရိသတ်ကြီးအတွက်လည်း အေးချမ်းတဲ့ ဒေသမှာ ရိုက်ကူးထားတဲ့ အမိုက်စားပုံရိပ်လေးတွေကိုတင်ဆက်ပေးလိုက်ပါတယ်။ ချစ်ပရိသတ်ကြီးလည်း မင်းသမီးချောလေးဖြစ်တဲ့ ဆုအိမ်စံရဲ့ ပုံရိပ်လေးတွေကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်...။

Photo Credit; Hsu Eaint San's FB account
Photo Credit; Hsu Eaint San's FB account

Source & Photo Credit; Hsu Eaint San's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။