အရွယ်တင်နုပျိုလှပနေဆဲဖြစ်ပြီး ကျရာဇာတ်ရုပ်ကိုပီပြင်စွာသရုပ်ဆောင်နိုင်တဲ့ အကယ်ဒမီမင်းသမီးချောခိုင်သင်းကြည်ကို ပရိတ်သတ်ကြီးအားလုံး သိကြမယ်ထင်ပါတယ်နော်။ သူမဟာ ဝါရင့်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့အပြင် သရုပ်ဆောင်ဘက်ပိုင်းမှာသာမက ယခုဆိုရင်The Mask Singer Myanmarပြိုင်ပွဲကြီးရဲ့ဒိုင်တစ်ဦးအနေနဲ့ပါ ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ ခိုင်သင်းကြည်ရဲ့သမီးလေးဖြစ်တဲ့ စံထိပ်ထားဦးဟာလည်း မေ့မေ့ခြေရာနင်းကာအနုပညာအလုပ်တွေကိုလုပ်ကိုင်နေပြီဖြစ်ပါတယ်။


Photo Credit-Khine Thin Kyi's Facebook acc
Photo Credit-Khine Thin Kyi's Facebook acc

မကြာသေးမီက ခိုင်သင်းကြည်ဟာ သူမရဲ့facebookစာမျက်နှာတွင် "The Mask Singer Myanmarပြိုင်ပွဲကြီးရဲ့ပထမဆုံးဗိုလ်လုပွဲကြီးကို ကြည့်ရှုရတော့မည်ဖြစ်ကြောင်း၊ဒီပွဲကြီးဟာ အပြင်းထန်ဆုံးအားပြိုင်မှုကြီးဖြစ်ကြောင်း"ကိုရေးသားထားတာပဲဖြစ်ပါတယ်။ ဒါ့ပြင်ခိုင်သင်းကြည်ဟာ ပုဇွန်ဆီရောင်ဝတ်စုံလေးကို ဝတ်ဆင်ထားပြီး ခေတ်နဲ့အညီလျော်ညီစွာလှပနေတာပဲဖြစ်ပါတယ်။


Photo Credit-Khine Thin Kyi's Facebook acc
Photo Credit-Khine Thin Kyi's Facebook acc

ခိုင်သင်းကြည်ပါဝင်သရုပ်ဆောင်ထားတဲ့ ဆူးပန်းခွေသွယ်ဘယက်နဲ့ပေရွက်လိပ်နားတောင်းဆင်ဆိုတဲ့ ဇာတ်လမ်းတွဲကြီးဟာလည်း Mrtv-4တွင်ပြသနေပြီဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးဟာလည်း ဝတ္ထုမှာတည်းကအောင်မြင်မှုရရှိထားတဲ့ ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်နော်။ ပရိတ်သတ်ကြီးရော မခိုင်လေးကိုချစ်ခင်အားပေးကြမယ်မလား။ ဖက်ရှင်ကျကျလှပနေတဲ့ ခိုင်သင်းကြည်ရဲ့ပုံရိပ်တွေကို ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Khine Thin Kyi's Facebook acc
Photo Credit-Khine Thin Kyi's Facebook acc

Source-Khine Thin Kyi's Facebook acc

Photo Credit-Khine Thin Kyi's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။