ပရိသတ်ကြီးရေ MPT မြန်မာနေရှင်နယ်လိဂ်၂၀၂၀ အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ်(၇) တွင် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ည နေ ၃နာရီ ခွဲအချိန်မှာ မော်လမြိုင်ဘောလုံးကွင်းမှာ ဆောက်သမ်းမြန်မာအသင်း နှင့် ချင်းယူနိက်တက်အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားသွားမှာလည်းဖြစ်ပါတယ်။ ဒီနှစ်သင်း ရဲ့ အမှတ်ပေးဇယားရပ်တည်မှုကလည်း ဆောက်သမ်းမြန်မာအသင်းက ရမှတ် မရရှိပဲ အဆင့် ၁၂ နေရာမှာရပ်တည်နေတာဖြစ်ပြီး ချင်းယူနိုက်တက်အသင်းကတော့ ရမှတ် ၄ မှတ်ဖြင့် အဆင့် ၉ နေရာမှာ ရပ်တည်နေတာကိုလည်းတွေ့ရပါတယ်။

Photo Credit - Myanmar National League Facebook Page

ခြောက်ပွဲကစားပြီး ခြောက်ပွဲစလုံးရှုံးနိမ့်ထားတဲ့ ဆောက်သမ်းမြန်မာအသင်းအနေနဲ့ အိမ်ကွင်းမှာ အမှတ်ရရှိရေးအတွက် အကောင်းဆုံး ရမှတ်ရရှိအောင် ကြိုးစားယှဉ်ပြိုင်ကစားသွားမှာဖြစ်သလို ချင်းယူနိုက်တက်အသင်းကလည်း ရာသီကုန်မှာတန်းဆင်းဇုန်နဲ့ ဝေးအောင် ဒီပွဲစဉ်မှာအကောင်းဆုံးကြိုးစားသွားမှာလည်းဖြစ်ပါတယ်။ ဒီနှစ်သင်းရဲ့ ပွဲစဉ်ဟာလည်း တကယ့်ကို စိတ်ဝင်စားစရာကောင်းလာမှာဖြစ်သလို နိုင်ပွဲတွေလိုနေတဲ့ ဆောက်သမ်းအသင်း နှင့် ချင်းယူနိုက်တက်အသင်းတို့ရဲ့ပွဲစဉ်က ပွဲကောင်းတစ်ပွဲလည်းဖြစ်လာမှာပါ။

Photo Credit - Myanmar National League Facebook Page

ဆောက်သမ်းမြန်မာအသင်းကတော့ နောက်ဆုံးပွဲစဉ် ဖြစ်တဲ့ ရန်ကုန်ယူနိုက်တက်အသင်း ပွဲစဉ်မှာ သန်းပိုင် ရဲ့ခေါင်းတိုက်ဘောကနေ ရန်ကုန်ယူနိုက်တက်အသင်းကို ရှုံးနိမ့်ခဲ့ရတာလည်းဖြစ်သလို ချင်းယူနိုက်တက်အသင်းကလည်း နောက်ဆုံး ဧရာဝတီယူနိုက်တက်အသင်း နှင့် ပွဲစဉ်မှာ တစ်ဂိုး ဂိုးမရှိဖြင့် အရေးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ ကဲ..ချစ်ပရိသတ်ကြီးရေ မနက်ဖြန်မှာ ရမှတ်တွေလိုနေတဲ့ ချင်းယူနိုက်တက်အသင်း နှင့် ဆောက်သမ်းမြန်မာအသင်းတို့ရဲ့ပွဲစဉ်ကို စောင့်မျှော်အားပေးလိုက်ပါဦးနော်..။

Source & Photo Credit - Myanmar National League Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။