မင်းသမီးချောလေး ပိုင်ဖြိုးသုကတော့ ဒါရိုက်တာဏကြီးနဲ့ ထိမ်းမြားလက်ထပ်ပြီး နှစ်ကိုယ်တူဘဝလေးတစ်ခုကို တည်ဆောက်ထားတာဖြစ်ပါတယ်။ ပိုင်ဖြိုးသုက အိမ်ထောင်ကျပြီးနောက်ပိုင်းမှာလည်း ချစ်ခင်ပွန်းနဲ့အတူ အနုပညာအလုပ်တွေကို လက်တွဲလုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ အရည်အချင်းရှိပြီး အနုပညာလောကမှာထူးချွန်တဲ့ ပိုင်ဖြိုးသုတို့ဇနီးမောင်နှံကို ပရိသတ်တွေကလည်း ဝန်းရံအားပေးနေကြတာ ဖြစ်ပါတယ်။

Photo Credit-RBV
Photo Credit-Paing Phyoe Thu's FB Acc

လက်ရှိမှာတော့ ပိုင်ဖြိုးသုက ကြော်ငြာနဲ့ သီချင်းဗီဒီယိုလေးတွေ ရိုက်ကူးသလို ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ဆက်တိုက်ဆိုသလို ရိုက်ကူးနေရတာ ဖြစ်ပါတယ်။ ချစ်ခင်ပွန်းအပေါ်မှာ ကလေးလေးတစ်ယောက်လို ဆိုးနွဲ့တတ်တဲ့ ပိုင်ဖြိုးသုက အခုလည်း ကိုဏကြီးကို စနောက်ကျီစယ်လိုက်ပြန်ပါတယ်။ ပိုင်ဖြိုးသုက လတ်တလောမှာနာမည်ကြီးနေတဲ့ ဗိုလ်ကြီးဇာတ်လမ်းတွဲကြည့်တာကို ချစ်ခင်ပွန်းစိတ်ဆိုးမှာစိုးလို့ ကြိုတင်ဖြေရှင်းချက်လေးပေးလိုက်တာ ဖြစ်ပါတယ်။

Photo Credit-Paing Phyoe Thu's FB Acc
Photo Credit-Paing Phyoe Thu's FB Acc
Photo Credit-Paing Phyoe Thu's FB Acc

ပိုင်ဖြိုးသုက " ဪ...ဦးရေခဲရယ် ဝတုတ်လူဆိုးက "Crash Landing on You" ကြည့်တယ်ဆိုတာလေ ဗိုလ်ကြီးကခန့်ချောကြီးမို့ ဝတုတ်လူဆိုး crush တတ်တဲ့ ကိုကြီး type မို့လို့ရယ်တော့မဟုတ်ပါဘူး..အနုပညာကိုအားပေးတာပါ..တကယ်ပါ..အဲဒီ့လိုအေးတိအေးစက်အူကြောင်ကြောင်နဲ့ character ကြီးကိုကွက်တိထိမိနေအောင်သရုပ်ဆောင်ထားတာ‌လေကွယ်....ဘယ်လောက်ချစ်စရာကောင်း(အဲလေ) အတုယူစရာကောင်းတဲ့သရုပ်ဆောင်လဲလို့..အာ့လေ..သူများက သရုပ်ဆောင်ပညာကိုရူးသွပ်ပြီးကြည့်‌နေတာသိလား? ဗိုလ်ကြီးကသူ့ဖာသာသူခန့်နေတာ ချောနေတာတွေက‌တော့တိုက်ဆိုင်မှုကြီးပါ....ပုံ/ သရုပ်ဆောင်ပညာကိုရူးသွပ်ရှာသူအင်နိုးဆင့်လေးဒေါ်သု" ဆိုပြီး ချစ်ခင်ပွန်းကိုဖြေရှင်းချက်ပေးပုံလေးကလည်း တကယ့်ကိုချစ်စရာကောင်းနေတာဖြစ်ပါတယ်။

Source & Photo Credit-Paing Phyoe Thu's FB Acc

Photo Credit-Paing Phyoe Thu's FB Acc
Photo Credit-Paing Phyoe Thu's FB Acc
Photo Credit-RBV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။